ကျွန်ုပ်တို့သည်
စာရေးနေစဉ် လက်ထဲမှ ဘောလ်ပင်ပြုတ်ကျသွားပြီး ပြန်ကောက်လိုက် သည့်အခါ
ဘောလ်ပင်သည် ခေါင်းဖြင့် ကျသောကြောင့် ရေး၍မရ ဖြစ်သွားသည်ကို
တွေ့ကြုံဖူးကြသည်။ သို့သော် လွန်ခဲ့သည့် ၂၅နှစ်က မတော်တဆ မျိုချမိသော
ဘောလ်ပင်တစ်ချောင်း ကို အမျိုးသမီးတစ်ဦး၏ အစာအိမ်အတွင်း
မှပြန်လည်ထုတ်ယူခဲ့ရာ ရေး၍ရဆဲပင် ဖြစ်ကြောင်း DM သတင်းဌာနက ဒီဇင်ဘာလ
၂ဝရက်နေ့တွင် ဖော်ပြခဲ့သည်။ ယခုအခါ အသက်၇၆နှစ် အရွယ်ရှိပြီဖြစ်သော
အမျိုးသမီးကြီးသည် ခန္ဒာကိုယ်အလေးချိန် ကျဆင်းခြင်းနှင့်
ဝမ်းလျှောခြင်းတို့ကြောင့် ဆရာဝန်ထံ ရောက်ရှိလာခဲ့သည်။ ယင်းနောက်
သူ၏ဝမ်းဗိုက်အား ကွန်ပျူတာ ဓာတ်မှန်ရိုက်ကြည့်ရာမှ အစာအိမ်အတွင်းတွင်
ဘောလ်ပင်တစ်ချောင်း ကိုတွေ့ရှိသွားခြင်း ဖြစ်သည်။Saturday, December 31, 2011
လွန်ခဲ့သည့် ၂၅နှစ်က မျိုချခဲ့သော ဘောလ်ပင်ကို အမျိုးသမီး၏ အစာအိမ်အတွင်းမှ ထုတ်ယူခဲ့ပြီးနောက် ယခုတိုင် ရေး၍ရဆဲဟုဆို
ကျွန်ုပ်တို့သည်
စာရေးနေစဉ် လက်ထဲမှ ဘောလ်ပင်ပြုတ်ကျသွားပြီး ပြန်ကောက်လိုက် သည့်အခါ
ဘောလ်ပင်သည် ခေါင်းဖြင့် ကျသောကြောင့် ရေး၍မရ ဖြစ်သွားသည်ကို
တွေ့ကြုံဖူးကြသည်။ သို့သော် လွန်ခဲ့သည့် ၂၅နှစ်က မတော်တဆ မျိုချမိသော
ဘောလ်ပင်တစ်ချောင်း ကို အမျိုးသမီးတစ်ဦး၏ အစာအိမ်အတွင်း
မှပြန်လည်ထုတ်ယူခဲ့ရာ ရေး၍ရဆဲပင် ဖြစ်ကြောင်း DM သတင်းဌာနက ဒီဇင်ဘာလ
၂ဝရက်နေ့တွင် ဖော်ပြခဲ့သည်။ ယခုအခါ အသက်၇၆နှစ် အရွယ်ရှိပြီဖြစ်သော
အမျိုးသမီးကြီးသည် ခန္ဒာကိုယ်အလေးချိန် ကျဆင်းခြင်းနှင့်
ဝမ်းလျှောခြင်းတို့ကြောင့် ဆရာဝန်ထံ ရောက်ရှိလာခဲ့သည်။ ယင်းနောက်
သူ၏ဝမ်းဗိုက်အား ကွန်ပျူတာ ဓာတ်မှန်ရိုက်ကြည့်ရာမှ အစာအိမ်အတွင်းတွင်
ဘောလ်ပင်တစ်ချောင်း ကိုတွေ့ရှိသွားခြင်း ဖြစ်သည်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment