Wednesday, December 28, 2011

တစ်နာရီ မိုင် ၃၀၀ ခုတ်မောင်းနိုင်မည့် တရုတ်ကျည်ဆန်ရထားသစ် မိတ်ဆက်ပြသ

လက်ရှိအချိန်တွင် တရုတ်နိုင်ငံ၏ အမြန်ဆုံး ကျည်ဆန်ရထား၏ အမြန်နှုန်းမှာ တစ်နာရီလျှင် မိုင် ၂၀၀ ဖြစ်ရာ အသစ်ထုတ်လုပ်လိုက်သည့် ကျည်ဆန်ရထားမှာ တစ်နာရီလျှင် မိုင် ၁၀၀ ပို၍မြန်မည်ဖြစ်
တစ်နာရီ မိုင် ၃၀၀ ခုတ်မောင်းနိုင်မည့် တရုတ်ကျည်ဆန်ရထားသစ် မိတ်ဆက်ပြသ
တရုတ်နိုင်ငံသည် တစ်နာရီလျှင် မိုင် ၃၀၀ အထိ ခုတ်မောင်းနိုင်မည့် အထူးမြန်နှုန်းမြ့င် ကျည်ဆန်ရထားကို မိတ်ဆက်ပြသခဲ့ကြောင်း သိရှိရသည်။ လက်ရှိအချိန်တွင် တရုတ်နိုင်ငံ၏ အမြန်ဆုံး ကျည်ဆန်ရထား၏ အမြန်နှုန်းမှာ တစ်နာရီလျှင် မိုင် ၂၀၀ ဖြစ်ရာ အသစ်ထုတ်လုပ်လိုက်သည့် ကျည်ဆန်ရထားမှာ တစ်နာရီလျှင် မိုင် ၁၀၀ ပို၍မြန်မည်ဖြစ်သည်။

အဆိုပါ ကျည်ဆန်ရထားသစ်ကို ကာဗွန်ဖိုက်ဘာဖြင့် အားဖြည့်ထားသော ပလတ်စတစ်ပစ္စည်းများကို အခြေခံ၍ တည်ဆောက်ထားပြီး တရုတ် ရှေးဟောင်း ဓားရှည်တစ်လက်နှင့် ပုံစံတူကြောင်း သိရသည်။ တရုတ်နိုင်ငံသည် ယခုနှစ်အစောပိုင်းက ၈၂၄ မိုင် ကွာဝေးသော ဘေဂျင်းနှင့် ရှန်ဟိုင်းကို ၅ နာရီအတွင်း ရောက်ရှိနိုင်သည့် တစ်နာရီလျှင် မိုင် ၂၀၀ ခုတ်မောင်းနိုင်သည့် ကျည်ဆန်ရထားကို ထုတ်ဖော်ပြသခဲ့သည်။

super-rapid bullet train

(တစ်နာရီလျှင် မိုင် ၃၀၀ အထိ ခုတ်မောင်းနိုင်မည့် အထူးမြန်နှုန်းမြင့် ကျည်ဆန်ရထားသစ်)

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အရှည်လျားဆုံး ကျည်ဆန်ရထားလမ်း ကွန်ရက်များကို တည်ဆောက်သွားရန် ရည်ရွယ်ထားပြီး နိုင်ငံတစ်ဝန်းတွင် ယွမ်ငွေ ဘီလျံ ၇၀၀ ကုန်ကျသည့် မိုင် ၈,၀၀၀ ရှည်လျားသည့် ကျည်ဆန်ရထားလမ်း ကွန်ရက်များ ဖြန့်ကျက်ထားသည်။ ထို့အပြင် လာမည့် ၂၀၁၅ ခုနှစ်တွင် ကျည်ဆန်ရထားလမ်း ကွန်ရက်ကို နောက်ထပ် မိုင် ၈,၀၀၀ တိုးချဲ့သွားရန် ရည်မှန်းထားကြောင်း သိရှိရသည်။

မြန်နှုန်းမြင့် ကျည်ဆန်ရထား ထုတ်လုပ်ရေးကို ရည်မှန်းချက်ကြီးကြီဖြင့် အကောင်အထည်ဖော်နေသော်လည်း တရုတ်နိုင်ငံတွင် ကျည်ဆန်ရထားလမ်း ကွန်ရက်များ မတော်တဆမှုဖြစ်မှုအပေါ် စိုးရိမ်မှုများရှိနေသည်။ တရုတ်နိုင်ငံရှိ ရထားထုတ်လုပ်ရေးကုမ္ပဏီ CSR ၏ ဥက္ကဌက အနာဂတ်ကာလတွင် တရုတ်ရထားများအနေဖြင့် မြန်နှုန်းမြင့်မားရန်ထက် ဘေးကင်းလုံခြုံမှုရှိရန် ပိုမိုလိုအပ်ကြောင်း ပြောကြားသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text