တောင်စောင်း၌ အသည်းယားဖွယ် တင်နေသည့် အနေအထားမျိုးဖြင့် ဟိုတယ်တစ်လုံးကို တည်ဆောက်ထားကြောင်း DM သတင်းဌာနက ဒီဇင်ဘာလ ၉ရက်နေ့တွင် ဖော်ပြသည်။ နာမည်ကျော် ဂန္တဝင်ရုပ်ရှင် တစ်ခုဖြစ်သော Italian Job ကားထဲတွင် ရွှေချောင်းများဖြင့် လွတ်မြောက်နိုင်ရေးအတွက် လှည့်စားမှုအနေဖြင့် တောင်စောင်း၌ ကားတစ်စီးကို တိုးလို့တွဲလောင်း အနေအထားဖြင့် ထားခဲ့ပုံကို စိတ်ကူးရကာ ယခုဟိုတယ်ကို တည်ဆောက်ထားခြင်း ဖြစ်သည်ဟုဆိုသည်။ ယခုဟိုတယ်ကို တည်ဆောက်ပြီး အီတလီနိုင်ငံ မောင့်ဘလန့်တောင်စောင်း မြေပြင်မှ ပေပေါင်း ၉၃ဝဝ အမြင့်တွင် ရဟတ်ယာဉ်ဖြင့် ချထားခဲ့ခြင်းဖြစ်သည်။ ယခုဟိုတယ်တွင် ခုတင်၁၂ခု ဧည့်ခန်းတစ်ခု မီးဖိုခန်းနှင့် အိမ်သာတို့ပါဝင်ပြီး ခေါင်မိုးပေါ်တွင် တပ်ဆင်ထားသော နေရောင်ခြည်ခံယူသည့် ဆိုလာပြားများမှ တစ်ဆင့် လျှပ်စစ်ဓာတ်အားကို ရရှိသည်။ ထို့ကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့်လည်း ညီညွတ်သည့်အပြင် တောင်စောင်းမှနေ၍ အံ့ဖွယ်မြင်ကွင်းများကို လည်းကြည့်ရှုနိုင်သည် ဟုဆိုသည်။
Tuesday, December 27, 2011
တောင်စောင်း၌ အသည်းယားဖွယ် တင်နေသည့် အနေအထားဖြင့် ဟိုတယ်တည်ဆောက်
တောင်စောင်း၌ အသည်းယားဖွယ် တင်နေသည့် အနေအထားမျိုးဖြင့် ဟိုတယ်တစ်လုံးကို တည်ဆောက်ထားကြောင်း DM သတင်းဌာနက ဒီဇင်ဘာလ ၉ရက်နေ့တွင် ဖော်ပြသည်။ နာမည်ကျော် ဂန္တဝင်ရုပ်ရှင် တစ်ခုဖြစ်သော Italian Job ကားထဲတွင် ရွှေချောင်းများဖြင့် လွတ်မြောက်နိုင်ရေးအတွက် လှည့်စားမှုအနေဖြင့် တောင်စောင်း၌ ကားတစ်စီးကို တိုးလို့တွဲလောင်း အနေအထားဖြင့် ထားခဲ့ပုံကို စိတ်ကူးရကာ ယခုဟိုတယ်ကို တည်ဆောက်ထားခြင်း ဖြစ်သည်ဟုဆိုသည်။ ယခုဟိုတယ်ကို တည်ဆောက်ပြီး အီတလီနိုင်ငံ မောင့်ဘလန့်တောင်စောင်း မြေပြင်မှ ပေပေါင်း ၉၃ဝဝ အမြင့်တွင် ရဟတ်ယာဉ်ဖြင့် ချထားခဲ့ခြင်းဖြစ်သည်။ ယခုဟိုတယ်တွင် ခုတင်၁၂ခု ဧည့်ခန်းတစ်ခု မီးဖိုခန်းနှင့် အိမ်သာတို့ပါဝင်ပြီး ခေါင်မိုးပေါ်တွင် တပ်ဆင်ထားသော နေရောင်ခြည်ခံယူသည့် ဆိုလာပြားများမှ တစ်ဆင့် လျှပ်စစ်ဓာတ်အားကို ရရှိသည်။ ထို့ကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့်လည်း ညီညွတ်သည့်အပြင် တောင်စောင်းမှနေ၍ အံ့ဖွယ်မြင်ကွင်းများကို လည်းကြည့်ရှုနိုင်သည် ဟုဆိုသည်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment