ကြယ်ကြီးများကိုလှည့်ပတ်နေသော ဂျူပီတာဂြိုဟ်ကဲ့သို့သော ဂြိုဟ်ကြီး ၁၈လုံးကို အသစ်တွေရှိခဲ့ကြောင်း ဟာဝိုင်အီရှိ အဝေးကြည့်မှန်ပြောင်းများမှ ရရှိသော အချက်အလက်များအရ အာကာသယာဉ်မှူးများက ပြောကြားလိုက်သည်။ ကယ်လီဖိုးနီးယား နည်းပညာတက္ကသိုလ်က ကြယ် ၃ဝဝ ကျော်ကို စစ်တမ်းကောက်ယူ လေ့လာခဲ့ကြသည်။ အထူးသဖြင့် နေထက်ကြီးသော ကြယ်များကိုလေ့လာခဲ့ကြခြင်းဖြစ်သည်။ ကပ်ပလာကြယ်တာရာ လေ့လာရေးအဖွဲ့မှ ယခင်ကလေ့လာခဲ့ဖူးသော သုတေသနရလဒ်များအရ နေထက်ကြီးမားသော ကြယ်များရှိနေသည်ဆိုခြင်းမှာ အကြီးမားဆုံးသော တွေ့ရှိမှုဖြစ်ကြောင်း သုတေသနစာတမ်း ပြုစုနေသူ ဂျွန်ဆင်ကဆိုသည်။ ကပ်ပလာ ကြယ်တာရာလေ့လာရေးအဖွဲ့က ဂြိုဟ်ပေါင်း ၁၂ဝဝဝခန့်ကို လေ့လာခဲ့သည်။ သို့သော် ဂြိုဟ်အများစုကို ဂြိုဟ်စစ်မစစ် အတည်မပြုနိုင်သေးပေ။ ဂြိုဟ်များကိုရှာဖွေရန် အာကာသယာဉ်မှူးများက ကြယ်များကို အရင်ဆုံးရှာဖွေရသည်။ အဘယ်ကြောင့်ဆိုသော် ကြယ်များကို ဂြိုဟ်များက လှည့်ပတ်နေ သောကြောင့်ဖြစ်သည်။ ဂြိုဟ်များ၏ရွေ့လျားမှု၊ လှိုင်းအလျားတို့ကို အရွယ်အစား ကြီးမားလွန်းသော ဂြိုဟ်ကြီး ၁၈လုံး အသစ်တွေ့ရှိ လေ့လာကြည့်ခြင်းဖြင့် ဂျူပီတာဂြိုဟ်ကဲ့သို့သော ဂြိုဟ်ကြီး၁၈လုံးကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဂျွန်ဆင်၏ အဆိုအရ ရလဒ်အသစ်များ ကြည့်ခြင်းအားဖြင့် ဂြိုဟ်သစ်များရှာဖွေ တွေ့ရှိမှုနှုန်းမှာ ၅ဝရာခိုင်နှုန်း မြင့်တတ်လာပြီ ဖြစ်သည်။ ယင်းအချက်အလက်များကနေ စကြဝဠာနှင့် ဂြိုဟ်များဖြစ်ပေါ်လာပုံကို ပိုမိုနားလည်လာနိုင်ရန် အထောက်အကူပြုသည်ဟု ဆိုသည်။Tuesday, December 20, 2011
အရွယ်အစားကြီးမားလွန်းသော ဂြိုဟ်ကြီး ၁၈လုံး အသစ်တွေ့ရှိ
ကြယ်ကြီးများကိုလှည့်ပတ်နေသော ဂျူပီတာဂြိုဟ်ကဲ့သို့သော ဂြိုဟ်ကြီး ၁၈လုံးကို အသစ်တွေရှိခဲ့ကြောင်း ဟာဝိုင်အီရှိ အဝေးကြည့်မှန်ပြောင်းများမှ ရရှိသော အချက်အလက်များအရ အာကာသယာဉ်မှူးများက ပြောကြားလိုက်သည်။ ကယ်လီဖိုးနီးယား နည်းပညာတက္ကသိုလ်က ကြယ် ၃ဝဝ ကျော်ကို စစ်တမ်းကောက်ယူ လေ့လာခဲ့ကြသည်။ အထူးသဖြင့် နေထက်ကြီးသော ကြယ်များကိုလေ့လာခဲ့ကြခြင်းဖြစ်သည်။ ကပ်ပလာကြယ်တာရာ လေ့လာရေးအဖွဲ့မှ ယခင်ကလေ့လာခဲ့ဖူးသော သုတေသနရလဒ်များအရ နေထက်ကြီးမားသော ကြယ်များရှိနေသည်ဆိုခြင်းမှာ အကြီးမားဆုံးသော တွေ့ရှိမှုဖြစ်ကြောင်း သုတေသနစာတမ်း ပြုစုနေသူ ဂျွန်ဆင်ကဆိုသည်။ ကပ်ပလာ ကြယ်တာရာလေ့လာရေးအဖွဲ့က ဂြိုဟ်ပေါင်း ၁၂ဝဝဝခန့်ကို လေ့လာခဲ့သည်။ သို့သော် ဂြိုဟ်အများစုကို ဂြိုဟ်စစ်မစစ် အတည်မပြုနိုင်သေးပေ။ ဂြိုဟ်များကိုရှာဖွေရန် အာကာသယာဉ်မှူးများက ကြယ်များကို အရင်ဆုံးရှာဖွေရသည်။ အဘယ်ကြောင့်ဆိုသော် ကြယ်များကို ဂြိုဟ်များက လှည့်ပတ်နေ သောကြောင့်ဖြစ်သည်။ ဂြိုဟ်များ၏ရွေ့လျားမှု၊ လှိုင်းအလျားတို့ကို အရွယ်အစား ကြီးမားလွန်းသော ဂြိုဟ်ကြီး ၁၈လုံး အသစ်တွေ့ရှိ လေ့လာကြည့်ခြင်းဖြင့် ဂျူပီတာဂြိုဟ်ကဲ့သို့သော ဂြိုဟ်ကြီး၁၈လုံးကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဂျွန်ဆင်၏ အဆိုအရ ရလဒ်အသစ်များ ကြည့်ခြင်းအားဖြင့် ဂြိုဟ်သစ်များရှာဖွေ တွေ့ရှိမှုနှုန်းမှာ ၅ဝရာခိုင်နှုန်း မြင့်တတ်လာပြီ ဖြစ်သည်။ ယင်းအချက်အလက်များကနေ စကြဝဠာနှင့် ဂြိုဟ်များဖြစ်ပေါ်လာပုံကို ပိုမိုနားလည်လာနိုင်ရန် အထောက်အကူပြုသည်ဟု ဆိုသည်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment