အီဂျစ်နိုင်ငံအတွင်း ဆက်လက် ဖြစ်ပွားလျက် ရှိသော ဆန္ဒပြပွဲများအတွင်း ဒီဇင်ဘာ ၁၈ ရက်နေ့က ကူကယ်ရာမဲ့ အမျိုးသမီးများအား လမ်းမပေါ်တွင် ရိုက်နှက် ကန်ကျောက် နေသော အီဂျစ် စစ်သားများ၏ လူမဆန်သော တုန်လှုပ် ချောက်ခြားဖွယ် ဓါတ်ပုံများ ကမ္ဘာတစ်ဝှမ်းလုံး ပျံ့နှံ့လျက်ရှိကြောင်း ယူကေ အခြေစိုက် dailymail သတင်းဌာနက ဖော်ပြခဲ့သည်။
အင်တာနက်ပေါ်တွင် ပျံ့နှံ့လျက်ရှိသော ဓါတ်ပုံနှင့် ရုပ်သံဖိုင်များတွင် ဝတ်စုံပြည့် ဝတ်ဆင်ထားသော အီဂျစ် လုံခြုံရေး တပ်ဖွဲ့များက အမျိုးသမီး တစ်ဦးကို ဖမ်းဆီးပြီး မြေပြင်ပေါ်တွင် တုတ်များနှင့် ရိုက်နှက်ပြီး သူမ၏ အဝတ်အစာများကို ဆွဲချွတ်ကာ ထပ်ခါ ထပ်ခါ ကန်ကျောက် နေသည်ကို တွေ့ရသည်။ စစ်သားတစ်ဦးကမူ အဆိုပါ အမျိုးသမီး၏ ရင်ဘတ်ကို စစ်ဖိနပ်ဖြင့် ဆောင့်နင်းသည်ကို ကမ္ဘာတစ်ဝှမ်းလုံးမှ တုတ်လှုပ်ဖွယ် မြင်တွေ့ရဟု သိရသည်။
အခြားသော ပုံများသည်လည်း အမျိုးသမီး ဆန္ဒပြသူများအား သတိလစ် မေ့မြောသည့် အထိ ရိုက်နှက်နေသော ပုံများဖြစ်ကြောင်း dailymail တွင် ဖော်ပြခဲ့သည်။












No comments:
Post a Comment