Saturday, December 10, 2011

ပေကျင်းတွင် မီးခိုးမြူများ ပိတ်ဖုံးမှု ကြောင့် လေကြောင်း လိုင်းများ ဖျက်သိမ်း ခဲ့ရ

ပေကျင်းတွင် မီးခိုးမြူများပိတ်ဖုံးမှုကြောင့် လေကြောင်းလိုင်း များဖျက်သိမ်းခဲ့ရ
တရုတ်နိုင်ငံ၊ပေကျင်းမြို့တွင် မီးခိုးမြူများထူထပ်စွာ ပိတ်ဖုံးနေမှုကြောင့် လေကြောင်းလိုင်းများနှင့် အမြန် လမ်းမကြီးများ ကို ပိတ်ခဲ့ရကြောင်း နိုင်ငံပိုင် သတင်းဌာနက ထုတ်ပြန်ခဲ့သည်။ ဒီဇင်ဘာ ၆ ရက်နေ့ တွင် ပေကျင်းမြို့ အပြည်ပြည်ဆိုင် ရာလေဆိပ်ရှိ လေကြောင်းလိုင်း ၂၀၀ ကျော်ကို ဖျက်သိမ်းခြင်းနှင့် ခရီးစဉ် ၁၂၅ ခုကျော်ကို ရွှေ့ဆိုင်းခဲ့ကြောင်း နိုင်ငံပိုင်ဆင်ဟွာသတင်းဌာနက ထုတ်ပြန်ခဲ့သည်။ မီးခိုးမြူ များကြောင့် ပေကျင်းလေဆိပ်ရှိ ခရီးစဉ်များ အဟန့်အတားဖြစ်ခဲ့ရသည်ဟု ဆင်ဟွာ သတင်းဌာန ၏ ခေါင်းကြီး သတင်းတစ်ခုတွင် ဖော်ပြခဲ့သည်။ နှင်းခဲများ အ ရည်ပျော်ခြင်းကြောင့် လေထု စိုစွတ်မှုဖြစ်ကာ မြူများထူထပ် စွာကျရောက်ခြင်းကြောင့် တရုတ်နိုင်ငံ မြောက်ပိုင်းရှိ နေရာအများအပြားတွင် ဒီဇင်ဘာ ၃ ရက်နေ့မှစတင်ပြီး ယာဉ်အသွားအလာများ ပိတ်ဆို့ခြင်း၊ လေကြောင်းခရီးစဉ်များ နှောင့်နှေးရခြင်းနှင့် အမြန်လမ်းမကြီးများတွင် အဟန့်အတားများဖြစ်ခဲ့ရကြောင်း ပေကျင်းမိုးလေ၀သဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်ကို နိုင်ငံပိုင် China Daily သတင်းစာက ကိုးကားဖော်ပြခဲ့သည်။
လေစိုင်ဆုံမှ လေများသည် တရုတ်နိုင်ငံအလယ်ပိုင်းနှင့် အရှေ့ပိုင်းသို့ ရွှေ့လျားလာမှုကြောင့် မြူများလွင့်ပါးသွားမည်ဖြစ်ကြောင်း မိုးလေ၀သပညာရှင်များက ဒီဇင်ဘာ ၆ ရက်နေ့က ခန့်မှန်းခဲ့သည်။
ပြီးခဲ့သည့်လအတွင်းက နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့သည့် လေထုထဲတွင် မြူများပိတ်ဖုံးနေသည်ဆိုသည့် သတင်းဖော်ပြချက်များကို အစိုးရအဖွဲ့က လက်ခံခဲ့သည်။ ပေကျင်းတွင် မီးခိုးမြူများ ပိတ်ဖုံး မှုကြောင့် အသက်ရှုမ ရလောက်အောင် မွန်းကျပ်မှုများဖြစ်နေသည်ဟု လူထုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာသိပ္ပံမှ ညွှန်ကြားရေးမှူး မာကျန်က မြူသတိပေးချက်ထုတ်ပြန်ခဲ့ကြောင်း နိုင်ငံပိုင် China Daily သတင်းစာတွင် ပြီးခဲ့သည့် နိုင်ဝင်ဘာလအတွင်းက ဖော်ပြခဲ့သည်။
ဒီဇင်ဘာ ၄ ရက်နေ့နှင့် ၅ ရက်နေ့များတွင် ပေကျင်းရှိ လေထုအရည်အသွေးသည် အန္တရာယ်ရှိသည့် အခြေအနေဖြစ်ခဲ့ကြောင်း ပေကျင်းရှိ အမေရိကန်သံရုံးမှ အွန်လိုင်းစောင့်ကြည့်ရေးအဖွဲ့က ထုတ်ဖော်ပြောဆိုခဲ့သည်။ အမေရိကန်နှင့်တရုတ်နိုင်ငံမှ တာဝန်ရှိသူများသည် လေထုညစ်ညမ်းမှုကို တိုင်းတာရာတွင် ကွဲပြားခြားနားသည့်စနစ်များကို အသုံးပြုခဲ့ရသည်။
ပေကျင်းတွင် ၂၀၁၀ ခုနှစ်၌ ကျောက်မီးသွေးတန်ချိန် ၂၇ သန်းကျော် လောင်ကျွမ်းခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနများတွင် ဖော်ပြခဲ့သည်။ ပေကျင်းတွင် ကားအရေအတွက်ကို လျော့ချရန် ကြိုးစားခဲ့သော်လည်း ပေကျင်းတွင် ၂၀၀၈ ခုနှစ်၌ မော်တော်ကား ၃ ဒသမ ၅ သန်းနီးပါးရှိရာမှ ယခုအချိန်တွင် ၅ သန်းထိမြင့်တက်ခဲ့ကြောင်း သတင်းဌာနများက ခန့်မှန်းထားသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text