Saturday, December 10, 2011

စက်မှုဝန်ကြီးဌာနက တင်သွင်းသည့် ချယ်ရီဝက်ဂွန် အစီး ၁၀၀၀ ကိုတစ်စီးကျပ်သိန်း ၁၀၀ ခန့်ဖြင့် ရောင်းမည်

ရန်ကုန်၊ ဒီဇင်ဘာ-၁
ကားဟောင်းလဲလှယ်ရေးကို အထောက်အကူပြုမည့် စက်မှုဝန်ကြီးဌာနမှ တင်သွင်းသည့် ချယ်ရီဝက်ဂွန်ကားအစီး ၁၀၀၀ မှာ ယခုလဆန်းပိုင်းတွင် ရောက်ရှိမည်ဟု အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက နေပြည်တော်၌ သတင်းထောက်များနှင့် တွေ့ဆုံရာတွင်ပြောကြားခဲ့သည်။
    လက်ရှိ တင်သွင်းလာသည့် ကားများသည် ပြည်တွင်းထုတ် မြန်မာမီနီဆလွန်းကားမျိုးဖြစ်ပြီး ရောင်းဈေးမှာတစ်စီးလျှင်ကန်ဒေါ်လာ ၆၀၀၀ နှင့် ကညနအခွန်နှင့်  Custom Duty   မှာဝယ်သူက ပေးဆောင်ရမည်ဖြစ်သည်။  Custom Duty   သည် ကားတန်ဖိုး၏ ၆၅ ရာခိုင်နှုန်းနှင့် ကညန အခွန်မှာ ပြည်တွင်းအခွန်ဖြစ်သည့်အတွက် ကားတစ်စီး၏တန်ဖိုးမှာ တစ်စီးလျှင် ကျပ်သိန်း ၁၀၀ ၀န်းကျင် ကုန်ကျမည်ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်ကဆိုသည်။
    “ကားအစီးလိုက်သွင်းလို့ ကားတန်ဖိုးအတိုင်းဂျူတီဆောင်ရတာ။ မြန်မာမီနီက သံပြားကိုသွင်း တော့ သံပြားအခွန်ပဲဆောင်ရလို့ ၅၅ သိန်းနဲ့ ရောင်းနိုင်တယ်”ဟု ၀န်ကြီးဦးစိုးသိန်းက ရှင်းပြသည်။
    အဆိုပါ ချယ်ရီဝက်ဂွန်ကားများကို ကားလဲလှယ်သူများကိုသာ ဦးစားပေးရောင်းချမှာဖြစ်ပြီး အငြိမ်းစားဝန်ထမ်းများကို ပိုမိုဦးစားပေးမည်ဖြစ်ကြောင်းလည်း သိရသည်။
    “မြန်မာမီနီက ဈေးကွက်မှာတော့ဈေးကကျပ်သိန်း ၁၃၀၊ ၁၂၀ ၀န်းကျင်ရှိတယ်”ဟု ဟံသာဝတီပွဲစားတန်းမှ ကားဝယ်ရောင်းတစ်ဦးကဆိုသည်။
    လက်ရှိကားဟောင်း လဲလှယ်ရာတွင် ယခုလ ၂၅ ရက်ထိ ကားအစီးရေ ၁၇၀၇၈ စီးကို ကညနမှ လဲလှယ်ခွင့်ပြုထားပြီး ယင်းတို့ ထဲတွင် လူစီးက ၁၄၇၆၀၊ ကုန် တင်ကား ၁၃၂၈ စီးနှင့် ဘတ်စ်ကား ၉၉၀ စီးပါဝင်သည်။ တင် သွင်းခွင့်ပြုထားသည့်ကား အစီးရေ ၁၀၈၁၈ စီးရှိပြီဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text