
ဆန်လုံးညိုဆိုတာ စပါးရဲ့ အပေါ်ဆုံး လွှာဖြစ်တဲ့ စပါးခွံအကြမ်းကို ဖယ်ရှားထား တာကလွဲပြီး ဖြူဖွေးအောင် ဖွပ်မထား တဲ့ ဆန် ဖြစ်ပြီး ဆန်ရဲ့ သဘာဝ အာဟာရတန်ဖိုး ပျက်စီးမှု အနည်းဆုံးဖြစ်ပါတယ်။ ဆန်လုံးညိုကို ဖြူဖွေး အောင် ဖွပ်လိုက်တဲ့အခါ ဗီတာ မင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီးစ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်း၊ အမျှင်ဓာတ် အားလုံးနဲ့ မရှိမဖြစ် အဆီဓာတ်အားလုံး လျော့ပါးပျက်စီးသွားပါတယ်။ ဆန်လုံးညိုကို စားသုံးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူး များစွာရရှိမှာဖြစ်ပါတယ်။

No comments:
Post a Comment