Sunday, December 11, 2011

Assassin's Creed: Revelations (PC)

Assassin's Creed: Revelations (PC)
Assassin's Creed ဂိမ်းစီးရီးရဲ့ နောက်ဆုံး ထွက်ဂိမ်းဖြစ်ပြီး အရင်ဂိမ်းများက ဇာတ်ကောင် ၃ ဦးဖြစ်တဲ့ Ezio, Altair နှင့် Desmond တို့ပဲ ဒီဂိမ်းမှာ ပြန်ပါလာ ပါတယ်။ လက်တပ်ဓားချွန်နဲ့ တစ်စွပ်စွပ် ထိုးပြီး အားရပါးရ ကစားရဦးမယ့် Third person action adventure ဂိမ်းကောင်း တစ်ခုပါ။
ဂိမ်းရဲ့ Developer က Ubisoft Montreal ဖြစ်ပြီး Publisher က Ubisoft ပါ။ ဒီဂိမ်းမှာ အဓိက ဇာတ်ကောင် Assassin Ezio အဖြစ်နဲ့ သူ့ရဲ့ဆရာ Altair ဖွက်ထားခဲ့တဲ့ ရှေးဟောင်း ပစ္စည်းတစ်ခု နောက်ကို ခြေရာ ကောက်ရမှာပါ။ အဲဒီရှေးဟောင်းပစ္စည်းဟာ မိစ္ဆာ Templars တပ်တွေလက်ထဲ ရောက်သွား ခဲ့ရင် Assassin တစ်ဂိုဏ်းလုံးပြာကျ သွားနိုင်တဲ့ လက်နက် တစ်ခုဖြစ်နေ လို့ပါ။ အဲဒီပစ္စည်းရှိနေတဲ့ ခံတပ် ကြီးကို ဝင်နိုင်ဖို့ နေရာ၅ခုက Key ၅ ခုရှာဖွေရင်း တိုက်ခိုက် စွန့်စားရမှာပါ။ ဒီဂိမ်းမှာ လက်နက် အသစ် အဆန်းများနှင့် စွမ်းဆောင်ရည်  အသစ်တွေပါလာတာ တွေ့ရပါမယ်။ ပြေးလွှားဝဲပျံပြီး တိုက်ခိုက်တဲ့ တိုက်ကွက် တွေပါလာပါ တယ်။ ထူးခြားမှုတစ်ခုက ဒီဂိမ်းမှာ ဗုံးတွေဖန်တီး အသုံးပြုနိုင်တာပါပဲ။ ဂိမ်းတစ်လျှောက်မှာ ရှာတွေ့တဲ့ Components တွေနဲ့ ဗုံးအမျိုးအစား ၃၀ဝ ကျော် ဖန်တီးနိုင် ပါတယ်။ အာရုံပြောင်း ဗုံး၊ ဗျူဟာဗုံးနှင့် သေစေတဲ့ဗုံးဆိုပြီး ၃ မျိုးခွဲထားပါတယ်။
ဥပမာ အစောင့်ကို အာရုံလွှဲချင်ရင် အန္တရာယ်မရှိတဲ့ Cherry Bomb သုံးရပါမယ်။ လူအုပ်ထဲပိတ်မိလို့ လမ်းဖန်တီးပြီး ထွက်ချင်ရင် Blood Bomb သုံးပါမယ်။ ရန်သူကို အသေ သတ်ချင်ရင်တော့ Splinter Bomb နဲ့ ပစ်ခွဲတိုက်ခိုက်ရမှာပါ။ Eagle Sense ပါတဲ့အတွက်လည်း ရန်သူ အသုံးပြုတဲ့ လမ်းကို ခန့်မှန်းတွက်ချက်နိုင်သလို လူအုပ်ထဲကနေ ရန်သူကို ကွက်ပြီးရှာတာ၊ Puzzles တွေမှာ သဲလွန် စတွေရှာနိုင်တာ စတဲ့အားသာ ချက်တွေရှိ လာပါတယ်။ Multiple Player Mode ကိုလည်း အကောင်းဆုံး ဖန်တီးထားပါတယ်။ Map တွေ ထပ်ဖြည့်ထားတဲ့အပြင် Abilities ၁၅ ခုလည်း ထည့်ထားပါတယ်။ ဂိမ်းရဲ့ ရုပ်ထွက်ပိုင်းက ပြောစရာမလိုအောင် ကောင်းမွန်သလို Modes များစွာပံ့ပိုး ထားတဲ့အတွက် Assassin's Creed ပရိသတ် gamer များအကြိုက်တွေ့ကြမှာပါ။ စိတ်ဝင်စားလို့ ဝယ်ယူကစားချင်တယ်ဆိုရင် Excellent ဆိုင်တိုင်းမှာ ရရှိနေပါပြီ။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text