
အဆိုတော် ဂျပ်စတင်ဘီဘာဟာ သူရဲ့ ပထမဆုံးအားလပ်ရက် တစ်ကိုယ်တော်သီချင်း Mistletoe အပြီးတွင် သူ့ဆရာ
အူးရှား၊ မာရီ ယာကာရေး၊ Boyz II men ၊ ဘူစတာရိုင်းမက်၊The Band Perry တို့နှင့် ပူးပေါင်းကာ အားလပ်ရက် ဂန္ထဝင်မြောက် ခရစ္စမတ်သီချင်း ထုတ်ခဲ့ပါတယ်။ ၄င်းသီချင်းကို အောက်တိုဘာ ၂၄ ရက်နေ့တွင် 'On Air with Ryan Seacrest" ရေဒီယိုရှိုးမှ ထုတ်လွှင့်ခဲ့ပါတယ်။ “ဒီတေးသီချင်းဟာ နောင်နှစ်ပေါင်းများစွာကြာမျှ အမှတ်ရနေမှာဖြစ်တယ်။ ဒါဟာ ကျွန်ုပ်အကြိုက် ဆုံးများ အနက်မှ တစ်ခုအဖြစ် အမြဲတမ်း တည်ရှိနေမှာ ဖြစ်တယ်”လို့ ပြော ပြပါတယ်။ မွမ်းမံပြင် ဆင်ထားတဲ့ တေးသွားအလိုက်ဟာ နိုဝင်ဘာ ၁ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၌ ထွက်ဖို့ရှိတဲ့ ဘီဘာရဲ့ ခရစ္စမတ် အယ်လ်ဘမ် “Under the Mistletoe” မှ ဖြစ်ပါတယ်။

No comments:
Post a Comment