Monday, November 7, 2011

အိမ်တွင်းမှု သက်မွေး လုပ်ငန်း ပညာသင် ကျောင်းမှ သင်တန်းများ ဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာန၊ အိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာ သင်ကျောင်း သင်တန်း၊ ပန်းအလှ ပြင်သင်တန်း၊ အစားအစာနှင့် မုန့်မျိုးစုံ ပြုလုပ်နည်း သင်တန်းများကို အောက်တိုဘာ ၁၇ ရက်နေ့ တွင် စတင်ဖွင့်လှစ်မည် ဟုသိရသည်။ သင်တန်းကာလမှာ တစ်လခွဲကြာ မြင့်မည်ဖြစ်ပြီး စနေ၊ တနင်္ဂနွေပိတ်ရက်မှ လွဲ၍ ရုံးဖွင့်ရက်များတွင် နေ့စဉ်သင်ကြား ပေးမည်ဖြစ်သည်။
အသက် ၁၆ နှစ်မှ ၄၅ နှစ်အတွင်း မြန်မာစာရေး ဖတ်တတ်သူ ပြည်ထောင်စု မြန်မာနိုင်ငံသား/သူ မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရသည်။
အဆိုပါကျောင်းသည် အချက်အပြုတ်၊ အချုပ်အလုပ်စသော လက်မှု ပညာရပ်များကို ကျွမ်းကျင်စွာသင်ကြား ပေးပြီး အသက်မွေးဝမ်းကျောင်း လုပ်နိုင်စေရန် ရည်ရွယ်ကာ ယင်းသင်တန်းများကို ဖွင့်လှစ်ပေးခြင်း ဖြစ်သည်။
အထက်ပါသင်တန်းများကို တက် ရောက်လိုပါက အိမ်တွင်းမှု သက်မွေးလုပ် ငန်းပညာသင် ကျောင်း၊ ဓမ္မစေတီလမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၅၃၆၂၈၀ သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text