Wednesday, November 9, 2011

Google+ က Brand Pages များ လွှတ်တင်

 ဂူးဂဲလ်က Google+ အတွက် brand စာမျက်နှာကို နောက်ဆုံးတွင် ထုတ်ဖော်ပြသလိုက်သည်။ ၎င်းသည် စီးပွားရေးဆိုင်ရာများနှင့် brands များအား ဂူးဂဲလ်၏ လူမှုကွန်ယက်သို့ ပူးပေါင်းလာရန် ပေးထားခြင်းဖြစ်သည်။



“Google+ က တယောက်နဲ့ တယောက် ချိတ်ဆက်မှုအပေါ်မှာ အဓိက ပစ်မှတ်ဖြစ်တယ်” ဟု  Google SVP ၏ လူမှုကွန်ယက်ဆိုင်ရာ Vic Gundotra က ဘလော့ဂ်ပို့စ်တခုတွင် ပြောသည်။ “ဒါပေမယ့်လဲ သင်ဂရုပြုတဲ့  အရာတွေအားလုံးနဲ့ ဆက်နွှယ်ပတ်သက်ဖို့ တည်ဆောက်နိုင်တယ်။ ဒါကတော့ ဒေသတွင်း စီးပွားရေးကနေ ကမ္ဘာလုံးဆိုင်ရာ brands ထိ လုပ်ဆောင်ဖို့ ကျနော်တို့က ကမ္ဘာတလွှား Google+ စာမျက်နှာများကို လွှတ်တင်ပေးလိုက်တာပါ” ဟု သူက ပြောသည်။

Google+ brand စာမျက်နှာသစ်များသည် Google+ Profiles နှင့် ဆင်တူပြီး စတုရန်း icon ပုံသေးကို နေရာသာ Profile နှင့် ကွာခြားသွားပုံရသည်။ အသုံးပြုသူများသည်  Fox News, the Dallas Cowboys နှင့် Angry Birds ကဲ့သို့ brands များအား ၎င်းတို့၏ circles များတွင် ထည့်သွင်းနိုင်ပြီး ၎င်း brands များ၏ အချက်အလက်များနှင့် ဓာတ်ပုံများအား ကြည့်ရှုနိုင်သည်။ အသုံးပြုသူများသည် brand တခုကို ၎င်းတို့၏ circles တွင် ထည့်သွင်းသည့်အခါ brand ၏ follower အရေအတွက်သည် တိုးပွားလာသည်။

ဂူးဂဲလ်၏ partners များထဲတွင် ပါဝင်သည့် Angry Birds, CNN, Fox News, the Muppets, the Dallas Cowboys, Pepsi, Toyota, Macy’s, X Games, WWE, Train, Barcelona Football Club နှင့် Save the Children တို့က လွှတ်တင်ခဲ့သည်။

ဂူးဂဲလ် Brand စာမျက်နှာအား ဖန်တီးလိုသူများအတွက် ဤလင့်သို့ https://plus.google.com/u/0/pages/create သွားယူနိုင်သည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text