ဟင်းသီးဟင်းရွက် များကို ဖျန်းသော ပိုးသတ်ဆေး သောက်၍ အမျိုးသမီးတစ်ဦးသည် မိမိကိုယ်ကို သတ်သေခဲ့သော ဖြစ်ရပ်တစ်ခု သင်္ဃန်းကျွန်း မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးမှ သတင်းရရှိသည်။ သေဆုံးသူ အမျိုးသမီးသည် အသက်၂၉ နှစ်အရွယ်သာ ရှိသေးပြီး လေးဘက်နာ ရောဂါ၊ နှလုံးရောဂါများကို ခံစားနေရ၍ နေ့စဉ် ဆေးကုသနေရကာ စိတ်ညစ်သောကြောင့် ထိုသို့ သတ်သေဖွယ်ရာ ရှိကြောင်း သိရသည်။
အဆိုပါ ဖြစ်ရပ်သည် ယခုလ ၂၃ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ် ပြီး သေဆုံးသူသောက်ခဲ့သော ပိုးသတ်ဆေးဘူးတွင် တံဆိပ်မပါရှိဘဲဟင်းသီးဟင်းရွက် များကို ဖျန်းသော ပိုးသတ်ဆေး ဖြစ်ကြောင်း သိရသည်။ သေဆုံးသူသည် ဆေးသောက်ြပီး ချိန်တွင်ပါးစပ်မှအမြှုပ် များထွက်လာ၍ ဆေးရုံသို့ တင်ပို့ရာမှ သေဆုံးသွားရာ သင်္ဃန်း ကျွန်းဆေးရုံကြီးက ပီအာ ၅၅ ဖြင့် လက်ခံထားရှိပြီး သင်္ဃန်း ကျွန်းမြို့နယ် ရဲစခန်းတွင် သေမှုသေခင်း ၂၀/၂၀၁၁ ဖြင့်အမှု ဖွင့်ဆောင်ရွက်နေကြောင်းသိရသည်။
ထို့ပြင် ယခုနောက်ပိုင်း နှစ်များတွင် စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးများကို အလွယ်တကူ သောက်၍ မိမိကိုယ်ကို သေကြောင်း ကြံစည်မှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိကြောင်း သိရသည်။ ၂၀ဝ၉ ခုနှစ် တစ်နှစ် အတွင်းမှာပင် စိတ်ညစ်၍် ၊ စိတ်မူမှန်ဖြစ် ၍၊ စိတ်ဆိုး၍ မိမိကိုယ်ကို ပိုးသတ်ဆေးသောက် သေကြောင်း ကြံစည်သူ ၂၀၁ဦး ရှိခဲ့ကြောင်း ရန်ကုန်အထွေထွေရောဂါကု ဆေးရြုံကီး ၊ အဆိပ်သင့်ကုလ ဌာနမှ ဒေါက်တာရဲမြင့်ကပြည့်သူ့ ခေတ်ဂျာနယ် နှင့် အင်တာဗျူးတွင် ဖြေဆိုထားသည်။

No comments:
Post a Comment