Tuesday, November 8, 2011

အလုပ်သမားများ၏နေရာတွင် စက်ရုပ်များဖြင့် အစားထိုးရန် Foxconn စီစဉ်နေ

Apple, Hewlett-Packard, Dell နှင့် Sony တို့အတွက် hardware များကိုထုတ်လုပ်သော တရုတ်(တိုင်ပေ)ကုမ္ပဏီဖြစ်သည့် Foxconn သည် စက်ရုံအလုပ်သမားများ၏နေရာတွင် စက်ရုပ် ၁ သန်းကျော်ဖြင့် အစားထိုးရန်စီစဉ်နေကြောင်း Xinhua သတင်းဌာနမှ ဖော်ပြချက်အရသိရသည်။ Foxconn ကုမ္ပဏီကိုတည်ထောင်သူနှင့် ဥက္ကဌဖြစ်သူ Terry Gou က အထက်ပါအစီအစဉ်ကို ပြောကြားခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့ သို့စီစဉ်ရခြင်းမှာ အချိန်တိုအတွင်း လုပ်ငန်းများကို ပြီးစီးစေရန်နှင့် မြင့်တက်လာသည့် အလုပ်သမားကုန်ကျစရိတ်ကို လျှော့ချနိုင်ရန်အတွက်ဖြစ်ကြောင်း Xinhua ကဖော်ပြခဲ့သည်။ လက်ရှိတွင် Foxconn ကုမ္ပ ဏီ၌ အလုပ်သမား ၁.၂ သန်းရှိပြီး စက်ရုပ်များဖြင့် အစားထိုးမည့် အလုပ်သမားအရေအတွက်ကိုမူ မသိရှိရသေးပေ။ အလုပ်သမားထောင်ပေါင်းများစွာရှိသော တရုတ်နိုင်ငံ ရှန်ကျန်းရှိ Foxconn စက်ရုံတွင် ၂၀၁၀ ခုနှစ်အစောပိုင်းက အလုပ်သမား ၁၆ ယောက်မှ သေကြောင်းကြံစည်မှု ဖြစ်ပွားခဲ့ဖူးသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text