
ဗီယက်နမ်နိုင်ငံမှ ငုယင်ဒွါဟိုင် တွင် အချင်း ၁ ဒသမ ၂ မီတာ (အလေးချိန် ၉၀ ကီလိုဂရမ်) အကြိတ် ကြီးတစ်လုံး ရှိသည်။ ဒါးလတ်မြို့မှ အသက် ၃၁ နှစ်အရွယ် အမျိုးသား သည် မရွေ့လျားနိုင်ဘဲ ထိုင်လျက် အိပ်စက်ရသည်။ ၄င်း ၏မိခင် ၆၁ နှစ်သည် သားဖြစ်သူ၏ အခြေခံ လိုအပ်ချက် များကို ဖြည့်ဆည်း လုပ်ကိုင် ပေးနေရသည်။
ဒွါဟိုင်သည် ပုံမှန်ကလေးတစ်ဦးအဖြစ် မွေးဖွား ခဲ့သည်။ သို့သော် အသက် ၄ နှစ် တွင် ၄င်း၏ ညာခြေထောက်သည် ဘယ်ခြေထောက်ထက် အဆမတန် ကြီးထွားလာခဲ့သည်။ အသက် ၁၇ နှစ်တွင် အကြိတ်သည် ၂၅ ကီလို ဂရမ်ရှိသည်။ ထို့နောက် ဒွါဟိုင် သည် လမ်ဒေါင် အထွေထွေ ဆေးရုံ ကြီးတွင် ဒူးဆစ်ထိဖြတ်တောက်ကု သခံယူခဲ့ရသည်။
ဆေးရုံတွင် ဆရာ ဝန်များသည် ၄င်း၏ကင်ဆာရောဂါလက္ခဏာကိုသေချာစွာမသိကြပေ။ ၂၀ဝ၁ ခုနှစ်တွင် ဖြတ်ပစ်ခဲ့ သည့်ခြေထောက်မှ အကြိတ် တစ် လုံးထပ်ထွက်လာရာ အချင်း ၁ ဒသမ ၂ မီတာထိရှိသည်။ ၄င်း၏ ခန္ဓာကိုယ်အောက်ပိုင်းနှင့် ကျောဘက်တွင်ရောင်ယမ်းမှုပျံ့နှံ့ခဲ့သည်။
နောက်ဆုံးအခြေအနေမှာ ဒွါဟိုင် ၏အကြိတ်ပေါ်တွင် အလျား ၅ စင်တီမီတာရှိ အက်ကြောင်း တစ်ခု မှ သွေးများစိမ့်ထွက်လျက်ရှိသည်။ ဒါးလတ်မြို့၊ ဟိုအန်မိုင် ဆေးရုံမှဆရာဝန်များက ဒွါဟိုင်၏ ရောဂါအခြေအနေသည် လော လောဆယ် အသက်အန္တရာယ် မရှိ ကြောင်းနှင့် နိုဝင်ဘာ ၁၈ ရက်တွင် ထပ်မံခွဲစိတ်ရန် စီစဉ်ထားကြောင်း ပြောကြားသည်။

No comments:
Post a Comment