Monday, November 14, 2011

(၅၆)ကြိမ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော် ယခင်နှစ်ကထက် ပိုမိုစည်ကား

(၅၆)ကြိမ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော်ကို နိုဝင်ဘာလ ၇ ရက်နေ့မှ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ ကျင်းပလျှက်ရှိရာ ယခင်နှစ်ကထက် ပိုမိုစည်ကားမှုရှိကြောင်း သိရှိရသည်။
''ဒီနှစ်ကရင်ပြည်နယ်နေ့ပွဲ တော်အရင်နှစ်တွေကထက်ပိုစည်ကား လာတာတွေ့ရတယ်။ ဒါကလည်း ပြည်နယ်အတွင်း ငြိမ်းချမ်းမှုရှိလာ တာရယ်၊ ထိုင်းရေကြီးလို့ပြန်လာကြတဲ့ ဒေသခံရွှေ့ပြောင်းလုပ်သားတွေကြောင့်လည်း ပါပါတယ်။ ကျင်းပတဲ့ သီရိကွင်းမှာတော့ ကရင်ရိုးရာဒုံးယိမ်း ပြိုင်ပွဲနေရာမှာ တိုးမပေါက်အောင် တိုးဝှေ့ကြည့်ရှုနေတဲ့ပရိသတ်က အရမ်းများတယ်'' ဟု ပွဲတော်ပြန် ဒေသခံတစ်ဦးက ပြောပါသည်။
ပွဲတော်တွင် Sky net ရုပ်သံအဖွဲ့မှ တိုက်ရိုက်ထုတ်လွှင့်ပြသသည့် မြန်မာရိုးရာ လက်ဝှေ့ပြိုင်ပွဲ၊ ခြင်းလုံးခတ်ပြိုင်ပွဲ၊ ဒုံးယိမ်းပြိုင်ပွဲ၊ လူသုံးကုန်ပစ္စည်း ဈေးရောင်းပွဲတော်၊ ဌာနဆိုင်ရာအလိုက် ဗဟုသုတဖြစ်ဖွယ် ပြခန်းများ အပါအ၀င် ဖိုက်စတား အငြိမ့်ပွဲ ၊ မွန်ပြည်နယ် ဇာတ်သဘင်၊ ကရင်တိုင်းရင်းသား ဇာတ်သဘင်နှင့် အခြားပျော်ပွဲရွှင်ပွဲများကိုလည်း ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။ ကရင်ပြည်နယ်နေ့သည် ကရင်ပြည်နယ် ကောင်စီ၏ ၁၉၅၆ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်၊ (၁၄)ကြိမ် မြောက်ညီလာခံတွင် ကရင်ပြည်နယ်နေ့အဖြစ် စတင်သတ်မှတ်ကျင်းပလာခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text