အန္တရာယ်ရှိ အဆောက်အဦ ဖြစ်ကြောင်း ကြေညာထားခြင်း မရှိသော်လည်း ရန်ကုန်မြို့အတွင်းရှိ အဆောက်အဦအချို့ အက်ကွဲခြင်းများ ရှိလာကြောင်း စုံစမ်းသိရသည်။ (၂ဝ၁၁)ခုနှစ်၊ မေလ(၂၃)ရက်၊ နံနက် (၁ဝ)နာရီခွဲခန့်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ (၂၇)လမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ ဖြိုပျက်ပြီး အဆောက်အဦ နံဘေးတွင် ရှိသော အဆောက်အဦ နံရံများသည် အက်ကွဲကြောင်းများ ပေါ်ပေါက်လာသည်ကို လေ့လာ တွေ့ရှိခဲ့ရကြောင်း၊ ယင်းအဆောက်အဦသည် အန္တရာယ်ရှိ အဆောက်အဦ အဖြစ် ကြေညာထားခြင်း မရှိကြောင်း အန္တရာယ်ရှိ အဆောက်အဦအဖြစ် ကြေညာသည့် အဆောက်အဦ များသည် နှစ်သက်တမ်း (၁ဝဝ)ရှိသည့် အဆောက်အဦများကိုသာ ကြေညာခဲ့ကြောင်း၊ သက်တမ်း(၁ဝဝ)မပြည့်သေးသည့် အဆောက်အဦများ အက်ကွဲကြောင်းများမဖြစ်ပေါ်စေရန် ဆောက်လုပ်ရေးလုပ်ငန်းများသည် အရည်အသွေး ပြည့်မီစွာဖြင့် ငလျင်ဒဏ်ကိုပါတွက်ချက်၍ နည်းပညာမြင့်မြင့် ဆောက်လုပ်သင့်ကြောင်း ရန်ကုန်မြို့တွင်း၌ နေထိုင်သူတစ်ဦးက လျှပ်တစ်ပြက်သတင်းဂျာနယ်သို့ပြောပြသည်။Saturday, November 5, 2011
အန္တရာယ်ရှိ အဆောက်အဦအဖြစ် ကြေညာထားခြင်း မရှိသော်လည်း အဆောက်အဦအချို့ အက်ကွဲကြောင်းများဖြစ်ပေါ်
အန္တရာယ်ရှိ အဆောက်အဦ ဖြစ်ကြောင်း ကြေညာထားခြင်း မရှိသော်လည်း ရန်ကုန်မြို့အတွင်းရှိ အဆောက်အဦအချို့ အက်ကွဲခြင်းများ ရှိလာကြောင်း စုံစမ်းသိရသည်။ (၂ဝ၁၁)ခုနှစ်၊ မေလ(၂၃)ရက်၊ နံနက် (၁ဝ)နာရီခွဲခန့်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ (၂၇)လမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ ဖြိုပျက်ပြီး အဆောက်အဦ နံဘေးတွင် ရှိသော အဆောက်အဦ နံရံများသည် အက်ကွဲကြောင်းများ ပေါ်ပေါက်လာသည်ကို လေ့လာ တွေ့ရှိခဲ့ရကြောင်း၊ ယင်းအဆောက်အဦသည် အန္တရာယ်ရှိ အဆောက်အဦ အဖြစ် ကြေညာထားခြင်း မရှိကြောင်း အန္တရာယ်ရှိ အဆောက်အဦအဖြစ် ကြေညာသည့် အဆောက်အဦ များသည် နှစ်သက်တမ်း (၁ဝဝ)ရှိသည့် အဆောက်အဦများကိုသာ ကြေညာခဲ့ကြောင်း၊ သက်တမ်း(၁ဝဝ)မပြည့်သေးသည့် အဆောက်အဦများ အက်ကွဲကြောင်းများမဖြစ်ပေါ်စေရန် ဆောက်လုပ်ရေးလုပ်ငန်းများသည် အရည်အသွေး ပြည့်မီစွာဖြင့် ငလျင်ဒဏ်ကိုပါတွက်ချက်၍ နည်းပညာမြင့်မြင့် ဆောက်လုပ်သင့်ကြောင်း ရန်ကုန်မြို့တွင်း၌ နေထိုင်သူတစ်ဦးက လျှပ်တစ်ပြက်သတင်းဂျာနယ်သို့ပြောပြသည်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment