Monday, November 21, 2011

တရုတ် ငါးခိုးဖမ်းလှေများ တောင်ကိုရီးယား က ဖမ်းဆီး

ChineseIllegalFishing1
DK ၊              ၊ပြီးခဲ့သောရက်ပိုင်းအတွင်း တောင်ကိုရီးယားအစိုးရမှ ငါးခိုးဖမ်းလှေများအား
ဖမ်းဆီးနှိမ်နင်းသောစစ်ဆင်ရေးတရပ်အား (၃) ရက်ကြာပြုလုပ်ခဲ့ရာ အကျင့်စာရိတ္တ
အရာ၌ ချွတ်ချုံကျနေပြီးဒေသတွင်း နာမည်ဆိုးထွက်နေသော ငပွကြီးဖြစ်နေသော
တရုတ်နိုင်ငံသား ငါးသူခိုးအများအပြားအား ဖမ်းဆီးမိခဲ့သည်။ တောင်ကိုရီးယားကမ်းခြေစောင့်တပ်မှ  
စစ်ရေယာဉ် (၁၂) စီး၊ ရဟတ်ယာဉ် (၄) စီးနှင့် အထူးတပ်ဖွဲ့များကိုတပ်ဖြန့်ချကာ ကြိုး
ချည်ပြီးဆက်ထားသော တရုတ်ငါးခိုးဖမ်းသင်္ဘော ဆယ်စီးတွဲအား လက်ရဖမ်းဆီးနိုင်
ခဲ့သည်။
ကွန်မြူနစ်တရုတ် နိုင်ငံအတွင်း ပင်လယ်အစားအစာ ဈေးကွက်ကြီးထွားလာမှုကြောင့်
တောင်ကိုရီယားရေပိုက်နက်အတွင်း အမြဲလိုလို ငါးခိုးဖမ်းလေ့ရှိသော ငါးသူခိုးတရုတ်
များအား ရည်ရွယ်၍ ထိုနှိမ်နင်းမှုအား တောင်ကိုရီးယားအစိုးရမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်
သည်။
မနှစ်ကလည်း ငါးသူခိုး တရုတ်လှေတစီးနှင့် တောင်ကိုရီယားကင်းလှည့်ရေယာဉ်တစီး
ထိပ်တိုက်တွေ့ခဲ့ကြရာ တရုတ်ငါးခိုးဖမ်းသူတဦးသေဆုံးခဲ့ပြီး၊ နှစ်ဦးပျောက်ဆုံးခဲ့သည်။
ယခုအကြိမ်၌ ဟောင်ကောင်ဇာတ်ကားတခုဖြစ်သော “Red Cliff” ဇာတ်ကားထဲမှ
စစ်ဘုရင်ချောင်ချောင်၏ ရေတပ်မှ ကျင့်သုံးခဲ့သော ရေကြောင်းစစ်ဆင်ရေးနည်းဗျူ
ဟာကဲ့သို့ ငါးသူခိုးလှေဆယ်စီးအား ကြိုးဖြင့်တွဲချည်ကာ အဖမ်းမခံရရန် လုပ်ဆောင်
ခဲ့သော တရုတ်ငါးသူခိုးလှေများအား လက်ရဖမ်းဆီးနိုင်ခဲ့သည်။ ထိုဖမ်းဆီးမှုအတွင်း
ငါးသူခိုးတရုတ်များ၏ တိုက်ခိုက်မှုကြောင့် တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့မှ
အရာရှိလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ တောင်ကိုရီးယားကမ်းခြေစောင့် တပ်ဖွဲ့မှ
ရိုက်ကူးရယူနိုင်ခဲ့သော ဗီဒီယိုမှတ်တမ်းအတွင်း ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များအား
ငါးသူခိုးတရုတ်များမှ သံတုတ်များဖြင့် တိုက်ခိုက်ခဲ့ပုံအား ရိုက်ကူးနိုင်ခဲ့သည်။
(၂၀၁၀) စက်တင်ဘာလအတွင်း၌ ဂျပန်နိုင်ငံပိုင်နက်ရေပြင်အတွင်း တရုတ်ငါးသူ
ခိုးလှေတစီးနှင့် ဂျပန်ကင်းလှည့်ရေယာဉ်များအကြား အလားတူ ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ပြီး
မိမိနိုင်ငံသားများအား ခိုးယူမှုကိုအားပေးသည့်အပြင် အစိုးရကိုယ်၌မှ အကျင့်ပျက်ခြ
စားနေသော ကွန်မြူနစ်တရုတ်နှင့် ဂျပန်နိုင်ငံအကြား သံတမန်ရေးအရ တင်းမာ
မှုဖြစ်ပွားခဲ့သည်။ ယခုဖမ်းဆီးမှုဖြစ်ပွားခဲ့သော ရေပြင်ဧရိယာတွင် တောင်-မြောက်
ကိုရီးယားတပ်ဖွဲ့များ မကြာခဏထိပ်တိုက်တွေ့လေ့ရှိကြပြီး၊ မြန်မာပြည်ကဲ့သို့ပင်
အဘက်ဘက်မှ ဆင်းရဲမွဲတေ၍ချွတ်ချုံကျနေပြီး ကွန်မြူနစ်အာဏာရှင်စနစ်ကိုကျင့်
သုံးသော မြောက်ကိုရီးယားမှ တောင်ကိုရီးယား ကျွန်းတကျွန်းပေါ်ရှိ လူနေရပ်ကွက်
တခုအား အသားလွတ်ရန်စ၍ အမြောက်နှင့်ပစ်ခတ်ခဲ့သေးသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text