အမေရိကန် ကလေး အထူးကု ဆရာ ဝန်များ ဆိုင်ရာ အကယ်ဒမီ (AAP) က အသက် နှစ်နှစ် အောက် ကလေး များအား လုံးဝ တီဗီ မကြည့် ရန် အကြံပြုထား ကြောင်း၊ ဖန်သားပြင်ပေါ်ရှိ ရုပ်ပုံများက ကလေးများ၏ စိတ်ကျန်းမာရေး၊ ကိုယ် ကျန်းမာရေးအပေါ် ထိခိုက်စေနိုင်တယ်လို့ ပြီးခဲ့တဲ့အောက်တိုဘာလက ထုတ်ပြန်ခဲ့ ပါတယ်။ AAP အဖွဲ့ဝင်သုတေသီတွေရဲ့ လေ့ လာချက်အရ တီဗီမှန်သားပြင်က ရုပ်ပုံ တွေကို ကြည့်ရှုနေတဲ့ ကလေးတွေဟာ ဘာသာစကားဖွံ့ဖြိုးမှု နှေးကွေးအားနည်း စေတာနဲ့ ဆက်နွယ်မှုရှိတယ်လို့ဆိုပါတယ်။ တချို့မိဘတွေဟာ ကလေးတွေကို တီဗီ ရှေ့မှာ ပစ်ထားပြီး ကိုယ့်အလုပ်ကိုယ်လုပ် နေတာ၊ တချို့က ကလေးချီရင် တီဗီကြည့် တာတွေရှိပါတယ်။ ဒါတွေကို ရှောင်ရှား သင့်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ အသက်နှစ်နှစ်အထက်ကလေးတွေ ကိုတော့ တီဗီ၊ ဗီဒီယို၊ ကွန်ပျူတာ၊ လက်ကိုင်ဖုန်းပေါ်က ရုပ်ပုံတွေကို နှစ်နာရီ ထက်ပိုပြီး မကြည့်မိဖို့ AAP အဖွဲ့က ကန့်သတ်ထားတယ်လို့ သိရပါတယ်။
No comments:
Post a Comment