
ဟားဗတ်တက္ကသိုလ်မှ သုတေသီများဟာ ကြွက်များကို အုပ်စုနှစ်ခုခွဲကာ တစ်အုပ်စုကို အသားစိမ်းနဲ့ ဟင်းသီးဟင်းရွက်များ ကျွေးခဲ့ပြီး တစ်အုပ်စုကိုတော့ ချက်ပြုတ်ထားတဲ့ အစာများ ကျွေးခဲ့ပါတယ်။ သုတေသီများဟာ ချက်ပြုတ်ပြီး သားအစာများကို စားရတဲ့ကြွက်များဟာ အခြား အုပ်စုမှ ကြွက်များထက် ပိုပြီး အကောင်ကြီးလာပြီး စွမ်းအင်ပိုရှိလာကြောင်း တွေ့ရှိခဲ့ရပါတယ်။ ရှေး ခေတ်လူသားတွေ ရုတ်တရက် ဦးနှောက်ပိုကြီးထွား လာပြီး ခန္ဓာကိုယ် ပိုကြံခိုင်လာတာဟာ လွန်ခဲ့သော နှစ်ပေါင်း၂ သန်းခန့်ကဖြစ်မယ်လို့ သူတို့က ယူဆ ကြပြီး ထိုအချိန်က လူသားတွေဟာ မီးကို စတင်ပြု လုပ်နိုင်ပြီး အစားအစာတွေကို စတင်ချက်ပြုတ်စား သောက်တဲ့အချိန် ဖြစ်တယ်လို့ သူတို့က ပြောဆို ကြပါတယ်။ ဒါ့အပြင် ထိုတက္ကသိုလ်မှ ပါမောက္ခ ရစ်ချတ်ဝရမ်ဟန်က လူသားတွေအတွက် အစား အစာများကို ချက်ပြုတ်ခြင်းဟာ ဘာကြောင့်အရေးကြီး ရသလဲဆိုတဲ့ အချက်ကို ပထမဆုံး စတင်တွေ့ရှိခဲ့ ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

No comments:
Post a Comment