Saturday, November 5, 2011

ဂျပန်သံရုံးအချို့ ဆိုက်ဘာတိုက်ခိုက်မှုခံရ


နိုင်ငံတကာက ဂျပန်နိုင်ငံဆိုင်ရာ သံရုံး အချို့ရဲ့ ကွန်ပျူတာတွေကို ဆိုက်ဘာ တိုက်ခိုက်မှုခံခဲ့ရပြီး ဂျပန်နိုင်ငံ ပါလီမန်ကို ပစ်မှတ် ထားတာဖြစ်ကြောင်း ဖော် ထုတ်ပြီး နောက်တစ်ရက် အောက်တိုဘာ လ ၂၆ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။
နိုင်ငံကိုးနိုင်ငံက ဂျပန်သံရုံးတွေနဲ့ ကောင်စစ်ဝန်ရုံးတွေရဲ့ ကွန်ပျူတာ တွေမှာ ဗိုင်းရပ်စ်တွေ ကူးစက်သွားခဲ့တယ်လို့ အမည် မဖော် ထားတဲ့ သတင်း ရင်းမြစ်ကို ကိုးကားပြီး ယိုမီယူရီ ရှင်ဘွန်းသတင်းစာမှာဖော်ပြထားပါတယ်။
ကန့်သတ်ထားတဲ့ သတင်းအချက် အလက်တွေတစ်ခုမှ အခိုးမခံလိုက်ရ ကြောင်းနဲ့ ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ထူးထူးခြားခြားရှိပုံ မပေါ်ဘူးလို့ နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
"ဗိုင်းရပ်စ်ကူးစက်မှုဟာ မကြာသေးခင်ကမှ တွေ့ရတဲ့ဖြစ်စဉ်မျိုး မဟုတ်ပါဘူး။ အရင်ကတည်းကလည်း ကြုံဖူးပါတယ်"လို့ သူက ပြောပါတယ်။
"ကျွန်တော်တို့ ဗိုင်းရပ်စ်တွေကို ရှင်းပစ်လိုက်ပါတယ်။ ဘာပြဿနာမှတော့ မရှိဘူး"လို့ သူက အေအက်ဖ်ပီကို ဖုန်းနဲ့ ပြောပြခဲ့ပါတယ်။
ဗိုင်းရပ်စ်ကူးစက်မှုဟာ ၀န်ကြီး ဌာနရဲ့ အင်တာနက်ချိတ်ဆက်မှု open systemမှာပဲ တွေ့ရပြီး သံရုံးလျှို့ဝှက် ချက်တွေကိုတော့ closed system မှာပဲ ဆောင်ရွက်ပါတယ်လို့ သူက ပြောပါတယ်။
ပြင်သစ်၊ နယ်သာလန်၊ အမေရိကန်၊ ကနေဒါ၊ တရုတ်နဲ့ တောင်ကိုရီးယား က ဂျပန်သံရုံးတွေမှာ ဗိုင်းရပ်စ် ကူးစက် ခံခဲ့ရတယ်လို့ ယိုမီယူရီသတင်းစာမှာ ဖော်ပြထားပါတယ်။
ဒီဗိုင်းရပ်စ်တွေမှာ backdoor ဗိုင်းရပ်စ်လည်း ပါဝင်ပြီး ဒီဗိုင်းရပ်စ်ဟာ ကွန်ပျူတာစနစ်အတွင်း ၀င်တဲ့ လမ်းကြောင်းကို ဖွင့်ပေးပြီး အချက်အလက်တွေကို ဟက်ကာက ခိုးယူလို့ ရသွားပါတယ်လို့ အဲဒီသတင်းစာမှာ ဖော်ပြထားပါတယ်။
ပါလီမန်အောက်လွှတ်တော်က ကွန်ပျူတာတွေလည်း အချက်အလက်တွေကို တစ်လနီးပါး ဖွင့်ထားခဲ့မိတဲ့ တရုတ်နိုင်ငံ အခြေစိုက် ဆာဗာတစ်ခုကနေ ဆိုက်ဘာတိုက်ခိုက်မှုခံခဲ့ရတယ်လို့ အောက်တိုဘာ ၂၅ ရက်၊ အင်္ဂါနေ့ထုတ် အဆာဟိ ရှင်ဘွန်းသတင်းစာမှာ ဖော် ပြထားပါတယ်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text