Sunday, November 6, 2011

ကျန်းမာရေးနှင့် အလှအပဆိုင်ရာ ဝက်ဘ်ဆိုက် လွှင့်တင်

ကျန်းမာရေးနှင့် အလှအပဆိုင် ရာဝက်ဘ်ဆိုက် တစ်ခု စတင်လွှင့် တင်လိုက်ကြောင်း Myanmar Sky Link (Myanmar Health & Beauty Website) မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ အဆိုပါ ဝက်ဘ်ဆိုက်အား အောက်တိုဘာ တတိယပ တ်မှစတင် လွှင့်တင်ထားခြင်းဖြစ်ပြီး ကျန်းမာ ရေးလိုက်စားလိုသူများနှင့် အလှအပ ဆိုင်ရာ ပစ္စည်းလေ့လာလိုသူများ အတွက် ရည်ရွယ် လွှင့်တင်ရခြင်း ဖြစ်ကြောင်း သိရသည်။ “ကျန်းမာရေးနဲ့ပတ်သက်တဲ့ သတင်းတွေနဲ့ အလှကုန်ပစ္စည်းတွေ ကို အချိန်နဲ့တစ်ပြေးညီ ထားရှိပေး သွားမှာပါ။ မြန်မာနိုင်ငံမှာက အလှ အပနဲ့ ပတ်သက်ပြီး ဝက်ဘ်ဆိုက်သီး သန့်လွှင့်တင် ထားတာမရှိသေးဘူး။
လူတော်တော်များများက အလှအပ ကို စိတ်ဝင်စားတဲ့အတွက် အခုလို လွှင့်တင်ပေးထားတာပါ” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ အဆိုပါ ဝက်ဘ်ဆိုက်မှာ www.myanmarskylink.com ဖြစ်ပြီး ဝက်ဘ်ဆိုက်ပေါ်တွင် အလှ ကုန်ပစ္စည်းများ၏ တန်ဖိုးများကို ကဏ္ဍအလိုက်ခွဲခြား ပြသထား ကြောင်း သိရသည်။ “ကျန်းမာရေး ဆောင်းပါးနဲ့ အလှကုန်သတင်း တွေကိုလည်း ထား ရှိမှာပါ။ လက်ရှိအောင်မြင်နေတဲ့ အနုပညာရှင်တွေရဲ့ အင်တာဗျူး တွေ၊ သုံးစွဲတဲ့ အလှကုန်ပစ္စည်း၊ ကျန်းမာရေး လိုက်စားမှု စတဲ့အချက် တွေကိုလည်း ဖော်ပြထားမှာပါ။ ဒါ့ အပြင် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ အလှအပနဲ့ ပတ်သက်တဲ့ အချက်တွေကိုပါဝင် လွှင့်တင်လို သူများကိုလည်း ဖိတ် ခေါ်ထားပါ တယ်။ မည်သူမဆို ဝင် ရောက်လွှင့်တင်နိုင်မှာပါ” ဟု ၎င်း က ဆက်လက်ပြော သည်။ အဆိုပါ ဝက်ဘ်ဆိုက်တွင် ပါ ဝင်လွှင့်တင်လို သူများအနေဖြင့် ဝ၉ ၇၃၁၅၇၄၆၀ သို့ ဆက်သွယ စုံစမ်း နိုင်ကြောင်း သိရသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text