Sunday, November 6, 2011

အပ်စိုက်ကုခြင်း

Healthcare
အပ်စိုက်ကုခြင်း
အပ်စိုက်ကုသခြင်း နည်းပညာသည် လွန်ခဲ့သောနှစ်ပေါင်း (၂၀ဝ၀)ခန့်တွင် တ ရုတ်ပြည် မှစတင် အခြေခံပြီး ကမ္ဘာတစ် ဝှမ်းလုံးတွင် အသုံးများသောရှေးဟောင်း ရိုးရာ ကုထုံး ဖြစ်သည်။ အပ်စိုက်ကုပညာ ရှင်များအဆိုအရ ကျွန်တော်တို့ခန္ဓာကိုယ် တွင် meridian ဟုခေါ်သောပင်မလမ်း ကြောင်း(၁၂)ခုနှင့် လမ်းသွယ်(၈)ခုကို ချိတ်ဆက်ထား သောနေရာ(၂၀ဝ၀)ရှိသည် ဟု သိရသည်။
ထိုနေရာများကိုအပ်ဖြင့် ထိုးစိုက်ခြင်းဖြင့်ကုသကြသည်။ အပ်စိုက်ကုခြင်းဖြင့် ကျွန်တော်တို့ ၏ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအပြင် စိတ်ခံစားချက်များကိုပါ ကောင်းမွန်စေ သည်ဟု ယူဆကြသည်။ ကိုယ်တွင်း၌အဖို အမဓာတ် (Yin နှင့် Yan) မမျှတလျှင် စွမ်းအင် (Qi) ပိတ်ဆို့သွားသည်။
ထိုအခါ မျိုးတွင် အပ်စိုက်ကု၍ပြန်ဖွင့်ပေးရသည် ဟု ယုံကြည်ကြသည်။ အနောက် တိုင်း သိပ္ပံ ပညာရှင်များ၏ လေ့လာချက်များအရ ထိုအပ်စိုက်သည့် နေရာများသည် မည်သည့် သွေးကြော၊ မည် သည့်အာရုံကြောနှင့် ဆက်စပ်မှုမရှိ ကြောင်း ဖော်ပြထားသည်။ သို့သော်ထိ နေရာများကိုအပ်စိုက်ခြင်းဖြင့် ခန္ဓာကိုယ် မှလျှပ်စစ် သံလိုက် စွမ်းအင် တစ်မျိုး ထွက် ပေါ်လာကာ ၄င်းစွမ်းအင်က endor phin ကဲ့သို့သောအနာသက်သာစေသည့် ဟောမုန်းများကိုထုတ်လွှတ်ရန် လှုံ့ဆော် ပေးသည်ဟုဆိုသည်။ သုတေသနပြုလုပ်ချက်များတွင် လည်း သွားနှုတ်ပြီးသူများ အပ်စိုက်ကု ခြင်းဖြင့် ကိုက်ခဲသည့်ဝေဒနာပိုမိုသက်သာ စေသည်ဟု ဖော်ပြထားသည်။
အရိုးအ ဆစ်ရောင်ရမ်းနေသူများတွင်လည်း ဆေး ဝါးနှင့်အပ်စိုက်ကုခြင်းတွဲ၍ပြုလုပ်သူများ သည် ဆေးချည်းသက်သက်သောက်သုံး သူများထက် အနာပို၍သက်သာသည်ဟု သိရသည်။ အပ်စိုက်ကုခြင်းသည် သွားနာ၊ သွား ကိုက်ခြင်း၊ ခါးနာခြင်း၊ ခေါင်းတစ်ခြမ်း ကိုက်ခြင်းနှင့် အရိုးအဆစ်နာခြင်းစသော နာကျင်ကိုက်ခဲမှုတို့အတွက် အသုံးဝင် သော်လည်း ကိုယ်အလေးချိန်လျော့ချရန် နှင့် ဆေးလိပ်ဖြတ်ရန်အစရှိသည်တို့အ တွက်မူ ထိရောက်မှုမရှိကြောင်းသိရ သည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text