ဥရောပ နျူကလီးယား သုတေသန အဖွဲ့ချုပ် CERN မှ သိပ္ပံပညာရှင်များက အလင်း၏ အမြန်နှုန်းမှာ ကမ္ဘာကျော် သိပ္ပံပညာရှင် အဲလဗတ်အိုင်စတိုင်း ခန့်မှန်း တွက်ချက်ထားခဲ့သည်ထက် ပိုမို၍ မြန်ဆန်နေသည်ဟု ထုတ်ဖော် ပြောဆိုခဲ့ပြီးနောက်ပိုင်း ဝေဖန်ခံနေရမှုများ ရှိခဲ့ပါသည်။
ထို့အတွက် ယင်းအဖွဲ့ချုပ်က စစ်ဆေး စမ်းသပ်မှုများကို ထပ်မံပြုလုပ်လျက်ရှိနေသည်။အိုင်စတိုင်း အဆိုအရ အလင်းအလျင်နှုန်းမှာ တစက္ကန့်လျင် 186,282 မိုင်နှုန်း ဖြစ်သည်။ သို့ရာတွင် cern သိပ္ပံအကျော်အမော်များကမူ နျူထရီနို Nutrino အမှုန့်များ၏ အလျင်နှုန်းများ ပိုမို မြန်ဆန်နေကြောင်းကို တိုင်းတာ တွေ့ရှိထားသည်။ အခြားသော ဝေဖန်သူများကမူ CERN အဖွဲ့ချု့ပ်၏ တိုင်းတာမှုများမှာ မှားယွင်းနေကြောင်း ထောက်ပြခဲ့သည်။ သို့အတွက် စမ်းသပ်မှုများကို ထပ်မံ ပြုလုပ်ကြခြင်းဖြစ်သည်။
ထင်ရှား ကျော်ကြားသော သိပ္ပံပညာရှင် Brain Cox က ဤသို့ ဆိုခဲ့သည်။ "'ဒီ တွေ့ရှိချက်ဟာ တကယ်တမ်း မှန်ကန်ခဲ့မယ့်ဆိုရင်တော့ သိပ္ပံပညာနယ်ပယ်ထဲက အကြီးမြတ်ဆုံးသော ရှာဖွေ့တွေ့ရှိမှု ဖြစ်ပါလိမ့်မယ်။"

No comments:
Post a Comment