Tuesday, November 1, 2011

အရစ်ကျငွေပေးချေစနစ်ဖြင့် မိုဘိုင်းဖုန်းများ ရောင်းချပေးသွားမည်

အရစ်ကျငွေပေးချေစနစ်ဖြင့် မိုဘိုင်းဖုန်းများ ရောင်းချပေးသွားမည်
မိုဘိုင်းဖုန်းအသုံးပြုလိုသူများအတွက် ဖုန်းလိုင်းကတ်နှင့်ဟန်းဆက်များအား အရစ်ကျငွေပေးချေသည့်စနစ်ဖြင့် ရောင်းချပေးသွားတော့မည်ဖြစ်ကြောင်း သိရသည်။ ယင်းအစီအစဉ်အား Do Ko Mo မိုဘိုင်းဖုန်းအရောင်းဆိုင်မှ ပြုလုပ်ပေးသွားမည်ဖြစ်ပြီး Mobile Hire Purchase အမည်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းဝန်ဆောင်မှုတွင် GSM, CDMA 450 MHz, CDMA 800 MHz ထဲမှ မည်သည့်လိုင်းကတ်နှင့် ဟန်းဆက်အမျိုးအစားကိုမဆို ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ ၎င်းအစီအစဉ်တွင် ပထမဦးစားပေးအဆင့်နှင့် ဒုတိယဦးစားပေးအဆင့်ဟူ၍ အဆင့်နှစ်ဆင့်သတ်မှတ်ကာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ပထမဦးစားပေးအဆင့်တွင် နိုင်ငံတော်ဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ ပါဝင်မည်ဖြစ်ပြီး ဒုတိယဦးစားပေးအဆင့်တွင် ကျောင်းသားကျောင်းသူများနှင့် လက်ရှိအချိန်တွင် လုပ်ငန်းခွင်မ၀င်ရောက်ရသေးသူများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ သတ်မှတ်ချက်အဆင့် နှစ်ခုစလုံးတွင် ပါဝင်သူမည်သူမဆို အရစ်ကျငွေပေးချေဝန်ဆောင်မှုအား ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။ ပထမဦးစားပေးအဆင့်ဖြင့် ရောင်းချပေးမည့်သူများအတွက် မိမိဝယ်ယူသော Phone Sim Card + Handset တန်ဖိုးပမာဏကို ဦးစွာသတ်မှတ်ရမည်ဖြစ်ပြီး၊ အဆိုပါ စုစုပေါင်းတန်ဖိုးအတွင်း၌ ဖုန်းငှားရမ်းသုံးစွဲခ (စုစုပေါင်းတန်ဖိုးငွေ၏) ၇% နှင့် အထွေထွေဝန်ဆောင်ခ (စုစုပေါင်းတန်ဖိုးငွေ၏) ၁% တို့ကို ၀ယ်ယူသူပေးချေရမည့် တန်ဖိုးငွေကျပ်အဖြစ် သတ်မှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ အရစ်ကျစနစ်ဖြင့် ၀ယ်ယူသူများအနေဖြင့် ဖော်ပြပါ စုစုပေါင်းသတ်မှတ်ချက် တန်ဖိုးငွေများ၏ ၃၀% အား ပထမအရစ်အနေဖြင့် ပေးချေရမည်ဖြစ်ပြီး ကျန်ရှိသော ၇၀% အား တစ်နှစ်အတွင်း ပေးချေသွားရမည်ဖြစ်ကြောင်း သိရသည်။ ပထမဦးစားပေးအဆင့်တွင် ပါဝင်သူများအနေဖြင့် ဟန်းဆက်အတွက် တန်ဖိုးကန့်သတ်ချက်မရှိဘဲ မိမိအသုံးပြုလိုသောဟန်းဆက်အား ၀ယ်ယူနိုင်မည်ဖြစ်ပြီး ၀ယ်ယူလိုသူများအနေဖြင့် နိုင်ငံတော်ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနမှ အကြီးအကဲနှစ်ဦး၏ ထောက်ခံချက်လိုအပ်မည်ဖြစ်ကာ ကုမ္ပဏီဝန်ထမ်းများအနေဖြင့် ကုမ္ပဏီပိုင်ရှင်နှင့် GM တို့၏ထောက်ခံချက် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။ ဒုတိယအဆင့် သတ်မှတ်ချက်တွင်ပါဝင်သူများအနေဖြင့် ၀ယ်ယူလိုပါက မိမိဝယ်ယူသော Sim Card + Handset တို့၏တန်ဖိုးနှင့် ထပ်ပေါင်းဖြည့်စွက်ငွေဝန်ဆောင်ခ ၈% တို့၏ စုစုပေါင်းတန်ဖိုးငွေထဲမှ ၅၀% အား ကနဦးပေးသွင်းငွေအဖြစ် ပေးသွင်းရမည်ဖြစ်ပြီး ကျန်ရှိသည့် ၅၀% အား တစ်နှစ်အတွင်း ပေးချေရမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဒုတိယဦးစားပေးအဆင့်တွင် ပါဝင်သူများအနေဖြင့် ဟန်းဆက်တန်ဖိုးအား ကျပ် ၃ သိန်းအောက်တွင်သာ သတ်မှတ်ဝယ်ယူနိုင်မည်ဖြစ်ပြီး ကန့်သတ်တန်ဖိုးထက်ကျော်လွန်သော ဟန်းဆက်အား ၀ယ်ယူမည်ဆိုပါက ကျပ် ၃ သိန်းထက် ကျော်လွန်သောပမာဏအား လက်ငင်းပေးချေရမည်ဖြစ်ကြောင်း သိရသည်။ ဒုတိယဦးစားပေးအဆင့်တွင် ၀ယ်ယူလိုသူများအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော ဌာနဆိုင်ရာအကြီးအကဲ အစရှိသည်တို့မှ နှစ်ဦး၏ အာမခံထောက်ခံချက် လိုအပ်မည်ဖြစ်ပြီး ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာတို့အား ပူးတွဲတင်ပြပေးရမည်ဖြစ်သည်။ အရစ်ကျငွေချေစနစ်ဖြင့် ၀ယ်ယူသည့်ဖုန်းကတ်နှင့် သက်ဆိုင်သောအထောက်အထား၊ အမည်ပေါက်စာရွက်စာတမ်းများအား Do Ko Mo မှ သိမ်းဆည်းပေးထားမည်ဖြစ်ပြီး ကျသင့်ငွေ အကျေပေးချေပြီးချိန်တွင် စာရွက်စာတန်းများအား ပိုင်ရှင်ထံ အပ်နှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါအစီအစဉ်အား အောက်တိုဘာ ၂၇ ရက်နေ့မှစတင်ကာ ရောင်းချပေးလျက်ရှိပြီး အသေးစိတ်သိရှိလိုသူများအနေဖြင့် Do Ko Mo Customer Service Centre ဖုန်း-၀၉-၄၉၇၇၇၆၆၆၊ ၀၉-၈၆၂၉၄၉၄ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်မည်ဖြစ်သည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text