Thursday, October 27, 2011

အွန်လိုင်းမှ ဖုန်းခေါ်ဆိုနိုင်မည့် Ytalk ဝန်ဆောင်မှု စတင်မည်

ရန်ကုန်၊ စက်တင်ဘာ ၂၁ - ရတနာပုံတယ်လီပို့ကုမ္ပဏီ လီမိတက်သည် ပြည်တွင်းပြည်ပသို့ အွန်လိုင်းမှ တစ်ဆင့် တယ်လီဖုန်းခေါ်ဆိုနိုင်မည့် Ytalk ဟူသည့် ဝန်ဆောင်မှုတစ်ခုကို ယခုနှစ်မကုန်မီအချိန်အတွင်း စတင်ဝန်ဆောင်မှုပေးသွားမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
တရားမဝင်ဟု သတ်မှတ်ထားသည့် Pfingo၊ VZO ကဲ့သို့သော နိုင်ငံတကာ ဖုန်းခေါ်ဆိုမှုများ ပပျောက်စေရန်အတွက် ယင်းဝန်ဆောင်မှုကို ရောင်းချရန် စီစဉ်ရခြင်း ဖြစ်ကြောင်း သိရသည်။
Ytalk စနစ်ဖြင့် ပြည်တွင်းနှင့် နိုင်ငံတကာသို့ တယ်လီဖုန်း ခေါ်ဆိုနိုင်သည့် အဆိုပါ ဝန်ဆောင်မှုကို ရတနာပုံ တယ်လီပို့ ကုမ္ပဏီက ကြိုတင်ငွေဖြည့်ကတ် စနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။
ထိုကဲ့သို့ ကြိုတင်ငွေဖြည့်ကတ်စနစ်ဖြင့် ရောင်းချရာတွင် မြန်မာကျပ်ငွေအပြင် အက်ဖ်အီးစီဖြင့်လည်း ရောင်းချပေးသွားမည် ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောသည်။
တယ်လီဖုန်းခေါ်ဆိုနိုင်သည့် သတ်မှတ်နှုန်းထားများကိုမူ အသက်သာဆုံး ပမာဏများဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ထိုဝန်ဆောင်မှုကို အသုံးပြုလိုသူများအနေဖြင့် http://ytalk.yatanarpon.com.mm တွင် ကိုယ်ပိုင် Ytalk Calling Account တစ်ခုကို ဖွင့်ထားရမည် ဖြစ်သည်။
ယင်းကဲ့သို့ ရတနာပုံတယ်လီပို့ ဝက်ဘ်ပေါ်တယ်ပေါ်တွင် နိုင်ငံတာကသို့ တယ်လီဖုန်းခေါ်ဆိုနိုင်သည့် စနစ်အား အစိုးရက ပထမဦးဆုံး အကြိမ်ခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး VOIP စနစ်ဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text