Sunday, October 23, 2011

ဂျီမေးလ်၏ ဗားရှင်းသစ် လာတော့မည် [VIDEO]

ဂျီမေးလ်၏ featuring ဗားရှင်းသစ်မှာ ပုံစံသစ်အသွင်အပြင်တခု၊ conversation threads များအား ပြန်လည် ဒီဇိုင်းဆင်ထားခြင်းနှင့် search အား တိုးတက်ပြောင်းလဲခြင်းတို့အား ထုတ်လွှင့်ထားရန်အတွက် ဖုံးကွယ်ထားခဲ့ကြောင်း ဂူးဂဲလ်၏ YouTube တွင် မှားယွင်းပို့တင်ထားသည့် တရားဝင် ဗီဒီယိုအရ သိရသည်။

ဗားရှင်းသစ်အား ဗီဒီယိုတွင် ထုတ်ဖော်ပြသသူမှာ ဂျီမေးလ်၏ အသုံးပြုသူများအတွက် ဒီဇိုင်းနာ Jason Cornwell ဖြစ်သည်။ အဆိုပါ ဗီဒီယိုအား Google Operating System blog က ကိုယ်ပိုင်အနေဖြင့် ပြုလုပ်ထားသော်လည်း YouTube အသုံးပြုသူ crlsndrsjmnz က ပြန်လည် တင်ပို့ထားခြင်း ဖြစ်သည်။


“ကျနော်တို့က ဂျီမေးလ် ဒီဇိုင်းသစ်အား ပိုမိုပြည့်စုံတဲ့ အချက်အလက်တွေနဲ့ ဝေမျှသွားမှာပါ။ ” ဟု ဂျီမေးလ် ကိုယ်စားလှယ် Andrea Freund က ပြောသည်။

“ဂျီမေးလ်ဗားရှင်းသစ်အတွက် ကျနော်တို့ update ဖို့ ကြိုးစား လုပ်ဆောင်နေပါတယ်” ဟု ဗီဒီယိုတွင် Cornwell က ရှယ်ယာထားသည်။ “ကျနော်တို့က  ပြီးပြည့်စုံတဲ့ ပြန်လည် ဒီဇိုင်းဆင်ခြင်းနဲ့ ဖြစ်နိုင်သလောက် သန့်ရှင်းကြည်လင်မှု၊ ရိုးရှင်းမှုနှင့် နားလည် လွယ်ကူဖို့အတွက် လုပ်ထားနေပါတယ်” ဟု သူက ဆိုသည်။

ဤနေရာတွင် သင် မျှော်လင့်ရနိုင်သည့် အရာတွေမှာ ဂျီမေးလ်သည် မည်သည့် ဝင်းဒိုးအရွယ်အစားမဆို အလိုက်သင့် အလျားသင့်ဖြစ်ရန် ချဲ့ကားခြင်း၊ အသုံးပြုသူများသည် chat အကျယ်အဝန်းနှင့် label အရွယ်အစားတို့ကို ညှိနိုင်ခြင်း၊ themes များသည် high-definition imagery; conversations (ခ) email threads များပါဝင်းခြင်းနှင့် ဘာသာစကားများ၏ အရည်အတွေးအား အလွယ်တကူ ဖတ်ရှုရန် ပြန်လည် မွမ်းမံခြင်းများအား ပြုထားခြင်းနှင့် profile ရုပ်ပုံများလည်း ပါဝင်လိမ့်မည်ဖြစ်ပြီး search သည်လည်း အသုံးပြုသူများနှင့် ကိုက်ညီစေရန် ပိုမို ပြုလုပ်ထားသည်။

ဂျီမေးလ်၏ ပုံစံသစ် ပြုပြင်ပြောင်းလည်ခြင်းအချို့အား လများစွာကတည်းကပင် ပြုလုပ်ခဲ့ပြီးသည်။ ဇွန်လနှောင်းပိုင်းတွင် ဂူးဂဲလ်က “Preview” Gmail theme အား ထုတ်လွှတ်ခဲ့သည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text