Mobile Guide Journal

Bluetooth နှင့်ချိတ်ဆက် အသုံးပြု နိုင်ပြီး ဖုန်းဝင်လာပါက ဖုန်း နံပါတ်နှင့် အမည်ကို ဖော်ပြမည်ဖြစ်ပြီး ဖုန်း လက်ခံခြင်းနှင့် ဖုန်း ခေါ်ဆိုခြင်း များကို တိုက်ရိုက် လုပ်ဆောင်နိုင်ပြီး microphone ဖြင့် စကားပြော နိုင်သည်။ Polorstar Car GPS ကို လူကြိုက်များ စိတ်ဝင်စား လျက်ရှိ ကြောင်း Technomation studio မှ သိရသည်။ အဆိုပါကား GPS မှာ Multi-media Function ဖစ်သော ကြောင့် အချက် အလက်များကို စုံလင်စွာ အသုံးပြုနိုင်ပြီး နေရာနှင့် လမ်းများကို 3D မြေပုံပေါ်တွင်မြန် မာဘာသာဖြင့် လမ်းညွှန်ပေးထားမည်ဖြစ်သည်။ ထို့အပြင် ရောက်ရှိခဲ့သော နေရာများကို မှတ်သား ထား ပြီးပြန် လည်ရှာဖွေနိုင်သည်။ နေရာတစ်ခုသို့ သွားရောက် လိုပါက အမြန်ဆုံး လမ်းကို အလိုအလျောက် တွက်ချက်ပေးနိုင်သည့်အပြင် ကားမောင်း နေစဉ် မြန်မာလို အသံဖြင့် လမ်းညွှန် ပေးသည့် ဖန်ရှင်ပါဝင်သည်။ အကယ်၍ အန္တရာယ်ရှိသော အမြန်နှုန်းဖြင့် မောင်းနှင်ပါက အသံဖြင့် သတိပေးမည်ဖြစ် သည်။ Multimedia လုပ်ဆောင် ချက်များမှ အသံကို စပီကာမှ လည်းကောင်း၊ နားကြပ်ဖြင့် လည်း ကောင်း နားထောင်နိုင်ပြီး Audio စနစ်ပါရှိပါက Polorstar တွင်ပါ ဝင်သော FM Transmitter မှ FM လွင့်ပြီး Car Radio မှပြန်လည်ဖမ်း ယူနိုင်သည်။ Technomation မှတာဝန်ရှိသူတစ်ဦးက “ဒီဆော့ဝဲလ်က ထွက်တာတော့ သိပ်မကြာသေးပါဘူး။ ဒါပေမဲ့ အသုံး တည့်တယ်။ လူတိုင်းကြိုက် ကြတယ်။ Mult-imedia ဆိုတော့ အကုန်နီး ပါးသုံး နိုင်တယ်။ အရင် ရောင်းဈေးက ၁၈၅,ဝ၀ဝ ပါ။ အခုဒီပွဲမှာ ရောင်း တာ ၁၅၀,ဝ၀ဝ ဈေးလျော့ပြီး ရောင်းတာပါ။ ရောင်းကောင်းတာ ထက် ဒီ GPS ဆော့ဝဲလ်ကို စိတ်ဝင်စား ပြီးမေးတဲ့ Customer တွေ များတယ်” ဟုပြောသည်။

No comments:
Post a Comment