Tuesday, October 25, 2011

အီရန် သရုပ်ဆောင် ဩစတြေးလျ ဇာတ်ကားတွင် ပါဝင်ခဲ့၍ ထောင်ဒဏ်နှင့် ကြိမ်ဒဏ်ကျခံရ

Marzieh Vafamehr
၂၀ဝ၉ခုနှစ်က ပြသခဲ့သည့် My Tehran for Sale အမည်ရှိ အီရန်ကို ဝေဖန်ထားသည့် ဩစတြေး လျဇာတ်ကားတွင် ပါဝင်သရုပ် ဆောင်ခဲ့သူ အီရန်အမျိုးသမီး သရုပ် ဆောင် မာဇီးဗာဖာမားအား အီရန် အစိုးရက ဖမ်းဆီး၍ ထောင်ဒဏ် တစ်နှစ်နှင့် ကြိမ်ဒဏ် အချက် (၉၀) ချမှတ်လိုက်ကြောင်း BBC သတင်း တွင် ဖော်ပြပါရှိသည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အီရန် အစိုးရအနေဖြင့် မိမိ နိုင်ငံ သားများ၏ အခွင့်အရေးကို ကာကွယ်ပေးရန် တာဝန်ရှိကြောင်း၊ သရုပ်ဆောင် မာဇီးဗာဖာမား ဖမ်းဆီး ခံရခြင်းအတွက် စိုးရိမ်မိ ကြောင်း၊ ယခုကဲ့သို့ လူသားမဆန် သည့် ပြစ်ဒဏ်ချ မှတ်မှုကို ရှုတ်ချ ကြောင်း ဩစတြေးလျနိုင်ငံခြား ရေးဝန်ကြီး ကယ်ဗင်ရုဒ်က ထုတ် ဖော်ပြောကြားခဲ့သည်။ My Tehran For Sale ဇာတ် ကား၏ ထုတ်လုပ်သူများဖြစ်ကြ သည့် ကိတ်စရော့စာနှင့် ဂျူလီရိုင် ယန်တို့ကလည်း သရုပ်ဆောင် မာဇီးဗာဖာမားအတွက် ဝမ်းနည်း ကြေကွဲစွာ ခံစားရကြောင်း ထုတ် ဖော်ပြောကြားချက်ကို သတင်းတွင် ဆက်လက် ဖော်ပြထား ပါသည်။ Ref:BBC

No comments:

Post a Comment

 

Sample text

Sample Text

Sample Text