ယခုနှစ် ရခိုင်ကမ်းရိုးတန်းသို့ ၀င်ရောက်ခဲ့သော မုန်တိုင်းသည် မြန်မာနိုင်ငံ၏ ၈၅ ခုမြောက် မုန်တိုင်းဖြစ်လာ၊ အောက်တိုဘာ လကုန်ပိုင်းနှင့် နိုဝင်ဘာ လအတွင်း၌လည်း ရခိုင်နှင့် ဧရာဝတီ ကမ်းရိုးတန်းဒေသများ မုန်တိုင်းကို ဆက်လက် သတိပြုရမည်အောက်တိုဘာလ ၁၉ ရက်နေ့က မုန်တိုင်းတိုက်ခတ်စဉ် မောင်တောမြို့ တစ်နေရာကို တွေ့မြင်ရစဉ်
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းသည် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ တွင် ပိုမိုအားကောင်းလာခဲ့ကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိခဲ့သည်။ ထို့နောက် အောက်တိုဘာလ ၁၉ ရက်နေ့ ညနေပိုင်းတွင် ရခိုင်ကမ်းရိုးတန်း ဒေသသို့ လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၆၀ မှ ၇၀ အကြားဖြင့် တိုက်ခတ်ခဲ့သည်ဟု သိရှိရသည်။
အဆိုပါ မုန်တိုင်းသည် ဘင်္ဂလားပင်လယ်အော်တွင် ဒုတိယအကြိမ်မြောက် ဖြစ်ပေါ်သောမုန်တိုင်း ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ မောင်တောမြို့အကြား ဖြတ်သန်းခဲ့သည်။
လာမည့် အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး အားကောင်းလာကာ မုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်ကြောင်း . . . |
“အောက်တိုဘာ လကုန်ပိုင်းမှာလည်း မုန်တိုင်းထပ်ဖြစ်နိုင်ခြေ ရှိနေပါတယ်”ဟု Myanmar Climate Change Watch မှဒေါက်တာထွန်းလွင် က ပြောကြားခဲ့သည်။
ယခုလက်ရှိကာလသည် မြန်မာနိုင်ငံအနေဖြင့် မုန်တိုင်းကို သတိပြုရသော ဒုတိယကာလဖြစ်ပြီး ယခုနှစ် မိုးလွန်ကာလတွင် ပိုမိုသတိပြုရန် လိုအပ်နေကြောင်း၊ ရခိုင်ကမ်း ရိုးတန်းဒေသ၊ ဧရာဝတီမြစ်ဝကျွန်း ပေါ်ဒေသတို့တွင် မိုးလွန်မုန်တိုင်းကို အောက်တိုဘာ လကုန်ပိုင်းနှင့် နိုဝင်ဘာလအတွင်း ဆက်လက် သတိပြုရန် လိုအပ်နေကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် မုန်တိုင်းကို သတိပြုရချိန်သည် နှစ်ကြိမ်ရှိပြီး မိုးကြိုကာလဖြစ်သော ဧပြီနှင့် မေ၊ မိုးလွန် ကာလဖြစ်သော အောက်တိုဘာ နှင့် နိုဝင်ဘာလတို့ ဖြစ်ကြသည်။
ယခင်ကမူ မြန်မာနိုင်ငံတွင် မုန်တိုင်းဝင်ရောက်မှုနှင့် ပတ်သက်၍ သတိပြုရသော ဒေသမှာ ရခိုင်ကမ်းရိုးတန်းသာ ဖြစ်ခဲ့သည်။ ၂၀၀၈ ခုနှစ် ကတိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်း ပြီးနောက်တွင်မူ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေထိုင်ကြသူများသည် ဆုံးရှုံးမှုများစွာကို တွေ့ကြုံ ခဲ့ကြရသည့်အတွက် မုန်တိုင်းအပေါ် awareness လည်း ပိုမိုလာခဲ့သည်။
မြန်မာနိုင်ငံတွင် မုန်တိုင်းကို ခြောက်နှစ်ဆက်တိုက် ရင်ဆိုင်ခဲ့ရပြီး ၂၀၀၆ ခုနှစ်တွင် မာလာမုန်တိုင်း၊ ၂၀၀၇ ခုနှစ်တွင် အကာ့ရှ်မုန်တိုင်း၊ ၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်တိုင်း၊ ၂၀၀၉ ခုနှစ်တွင် ဘစ်ဂ်ျလီမုန်တိုင်း၊ ၂၀၁၀ ပြည့်နှစ်တွင် ဂီရိမုန်တိုင်း၊ ၂၀၁၁ ခုနှစ်တွင် 02B မုန်တိုင်းငယ် တို့ဖြစ်ကြသည်။
လာမည့် အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး အားကောင်းလာကာ မုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်ကြောင်း သိရသည်။

No comments:
Post a Comment