Thursday, October 20, 2011

ချင်ပန်ဇီ ကုပ်ခံရသော အမျိုးသမီး၌ မျက်နှာ အစားထိုး ကုသမှု ပြုလုပ် အောင်မြင်



အမေရိကန် ပြည်ထောင်စု ကွန်နက်တိကက် ပြည်နယ်မှ အမျိုးသမီး တစ်ဦးသည် ၂ဝဝ၉ ခုနှစ်က အိမ်မွေး ချင်ပန်ဇီ တစ်ကောင် ကုပ်ခံရပြီး မျက်နှာ တစ်ခုလုံး ပျက်စီး ခဲ့ရသည်။ သူ့အား ယခုနှစ် မေလ၌ ဘရိုင်ဂမ် ဆေးရုံနှင့် ဘော့စတွန်မြို့ရှိ အမျိုးသမီး ဆေးရုံတို့မှ ခွဲစိတ် ကုသမှု ပြုလုပ်ကာ မျက်နှာ အစားထိုးမှုကို ပြုလုပ် ပေးခဲ့သည်။ ချာလာနစ်ရှ် အမည်ရှိ အမျိုးသမီးတွင် နှာခေါင်း အသစ်၊ နှုတ်ခမ်းများ အသစ်နှင့် မျက်ခွံ အသစ်များ လဲလှယ် ပေးခဲ့သည်။
အဆိုပါ အမျိုးသမီးသည် သြဂုတ်လ ၁၁ရက်နေ့တွင် သူ၏ မျက်နှာအသစ်အား ထုတ်ဖော် ပြသ ခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနက ဖော်ပြခဲ့သည်။ ဒေါက်တာ ဘိုဒန်ပိုမန်ဟက် ဦးဆောင်ပြီး အဖွဲ့ဝင် ၃ဝ ပါဝင်သော ခွဲစိတ်အဖွဲ့က မျက်နှာ အစားထိုး ကုသမှုကို နာရီပေါင်း ၂ဝ ကြာအောင် ပြုလုပ်ခဲ့သည်။ အဆိုပါ အဖွဲ့သည် လက်နှစ်ဖက်ကိုပါ အစားထိုး ကုသမှု ပြုလုပ် ပေးခဲ့သော်လည်း နစ်ရှ်သည် နမိုးနီးယား ရောဂါ ခံစားရပြီး သွေးလှည့်ပတ်မှု ဆိုင်ရာ ပြဿနာများ ရှိလာသောကြောင့် လက်နှစ်ဖက်ကို ပြန်လည် ဖယ်ရှားခဲ့ရသည်။
နစ်ရှ်သည် သူ၏ သူငယ်ချင်း ဆန်ဒရာဟာရိုး အိမ်သို့ အလည် သွားစဉ် ဟာရိုး မွေးထားသည့် ၁၅ နှစ်အရွယ် ထရာဗစ် အမည်ရှိ ချင်ပန်ဇီ၏ တိုက်ခိုက်မှု ခံခဲ့ရခြင်း ဖြစ်သည်။ ဟာရိုးက ချင်ပန်ဇီကို မီးဖိုချောင်သုံး ဓားဖြင့် ထိုးသတ်သည့်တိုင် တိုက်ခိုက်မှုကို ရပ်ဆိုင်းခြင်း မရှိဘဲ ရဲအဖွဲ့ ရောက်ရှိလာသည့် အခါမှသာ ချင်ပန်ဇီကို အသေပစ်သတ် ခဲ့ရသည်။    

No comments:

Post a Comment

 

Sample text

Sample Text

Sample Text