Thursday, October 20, 2011

ဆိုင်ကယ်စီး ဦးထုပ် အသစ်အဆန်းတွေ ရပြီ



ဗြိတိန်နိုင်ငံမှာ ဆိုင်ကယ်စီး ဦးထုပ် အသစ်အဆန်းတွေ ထွက်ပေါ် လာပါတယ်။ အဲဒီ ဆိုင်ကယ်စီး ဦးထုပ်တွေထဲမှာ ဦးနှောက်ပုံ ဦးထုပ်၊ တင်ပါးဆုံပုံ ဦးထုပ်နဲ့ ဘီလိယက် ဘောလုံးပုံ ဦးထုပ်တွေ ပါဝင်ပါတယ်။ အဲဒါတွေ အပြင် သစ်ကြားသီးပုံ ဦးထုပ်၊ ဖရဲသီးပုံ ဦးထုပ်နဲ့ ဂေါက်သီး ဘောလုံးပုံ ဦးထုပ်တွေလည်း ရနိုင်တယ်လို့ ဆိုပါတယ်။
အဲဒီ ဦးထုပ်တွေကို ခါဇက်စတန်က ကုမ္ပဏီဖြစ်တဲ့ GOOD Creative Marketing & PR ကုမ္ပဏီက  မူပိုင်ခွင့် ရယူ ထားပါတယ်။ ဦးထုပ် ဒီဇိုင်နာ ကတော့ ရေနက် အက်ဘ်ဒရာခါ မန်နော့ဗ် ဖြစ်ပါတယ်။ အဲဒီ ဦးထုပ်တွေကို လူတွေက စိတ်ဝင်စားကြတာမို့ အမေရိကန် ပြည်ထောင်စု နဲ့ ဂျပန် နိုင်ငံတွေမှာ အဲဒီ ဦးထုပ်တွေကို ထုတ်လုပ်ဖို့ ကမ်းလှမ်းထားတယ် လို့ ဆိုပါတယ်။  

No comments:

Post a Comment

 

Sample text

Sample Text

Sample Text