

အမေရိကန် ပြည်ထောင်စု မက်ဆာချူးဆက် ပြည်နယ် ဘော်စတွန်မြို့မှ လုပ်ငန်းရှင် အမျိုးသမီး တစ်ဦးသည် ထူးဆန်းသော ဆပ်ပြာများကို ထုတ်လုပ်လိုက်ရာ အသားနံ့ ထွက်နေသော ဟမ်ဘာဂါပုံ ဆပ်ပြာလည်း ပါဝင်သည် ဟု ဆိုသည်။ မေလင်ချန်းက ဟမ်ဘာဂါပုံ ဆပ်ပြာမှာ ဟမ်ဘာဂါ အလွန် ကြိုက်သော သူ၏ ခင်ပွန်း ဂရီဂိုရီ အတွက် ဖြစ်သည် ဟု ဆိုသည်။
သူ၏ အနံ့ အမျိုးမျိုးနှင့် ပုံသဏ္ဌာန် အမျိုးမျိုးရှိ ဆပ်ပြာများတွင် ခရမ်းချဉ်သီးပုံ၊ ဆလက်ရွက်ပုံ၊ အိုင်ဖုန်းပုံ တို့ ပါဝင်သည့် အပြင် ခရမ်းချဉ်သီးနံ့၊ သစ်သီးနံ့၊ ပေါင်မုန့်နံ့ စသဖြင့် အနံ့ အမျိုးမျိုးဖြင့်လည်း ရနိုင်သည် ဟု ဆိုသည်။


No comments:
Post a Comment