Tuesday, October 25, 2011

သူ့ကိုယ်သူ ခွေးလို့ ထင်နေတဲ့ သိုး


news
အင်္ဂလန် Shorpshire ရှိ Alison Sinstadt (အသက် ၄၈နှစ်)ရဲ့ သိုးသား ပေါက်လေး တစ်ကောင်ဟာ မွေးကတည်းက စပန်ရီယယ် ခွေး တစ်ကောင်နဲ့ အတူနေထိုင် ကြီးပြင်း ခဲ့ရတဲ့ အတွက် သူ့ကိုယ်သူ ခွေးလို့ အမှတ် မှားနေပါတယ်။ ခြောက်လ သား အရွယ် ဂျက်ခ်အမည်ရှိ သိုးပေါက်လေးဟာ သူ့သခင်ပစ် လိုက်တဲ့ တုတ်ကို လိုက်ဖမ်းတတ်ပါ တယ်။
လည်ပတ် ဝတ်ထားပြီး နောက်ခြေထောက်ကို အားပြုကာ ခုန်တတ်ပါတယ်။ ဒါ့အပြင် ခွေးလိုဟောင် ရန်တောင် ကြိုး စားနေပါတယ်။ သူဟာသူ့သခင်က သိုးစားကျက်ထဲ လွှတ် ပေးတာတောင်မှ သူ့မျိုးနွယ်တူတွေကိုတောင် မမှတ် မိတော့ပါဘူး။
ထိုသိုးလေးဟာ သိုးသံတစ်ဝက် ခွေးဟောင်သံ ဖြစ်တဲ့ ဝုတ် ဝုတ် ဆိုတဲ့အသံတစ်ဝက်ဖြင့် အော်ရန် ကြိုးစားလျက် ရှိပါတယ်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text