Tuesday, October 25, 2011

တိရစ္ဆာန်အမြောက်အမြားကို လွှတ်ပေးခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့


w74_13အိုဟိုင်းယိုးပြည်နယ်တွင် တိရစ္ဆာန်မွေးမြူသူတစ်ဦးက ကျားနှင့်ခြင်္သေ့ အေ...

အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ်ရှိ ဇိန်းဗီးလ်မြို့အနီးတွင် တိရစ္ဆာန်မွေးမြူသူတစ်ဦးက ကျားနှင့် ခြင်္သေ့အကောင် ၃၀ ကျော် အပါအ၀င် တိရစ္ဆာန်အမြောက်အမြားကို လွှတ်ပေးခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေ သွားခဲ့ရာ အန္တရာယ်ရှိသော အခြေအနေ ဖြစ်သွားခဲ့ခြင်းကြောင့် ရဲများက အင်အားကြီးသည့်တိရစ္ဆာန် အမြောက်အမြားကို ပစ်သတ်ခဲ့ရကြောင်းသိရသည်။
အောက်တိုဘာလ ၁၈ ရက်နေ့က တယ်ရီသွမ်ပဆင်န်ဆိုသူသည် မည့်သည့်အတွက်ကြောင့် ယင်းသို့ ဆောင်ရွက်ခဲ့သည်ဆိုခြင်းကိုမူ ရဲများက မသိရသေးပေ။
လွတ်လာသော တိရစ္ဆာန်များကို မေ့ဆေးသေနတ်ဖြင့် အရှင်မဖမ်းခဲ့ခြင်းမှာ  မေ့သွားလျှင်ပင် ညမှောင်ချိန် မဖမ်းမိသေးမီ ပြန်သတိရပြီးလွတ်သွားနိုင်သောကြောင့် ဟု ရဲများက ထုတ်ပြန်ခဲ့သည်။ ကိုယ့်ကိုယ်ကိုယ်သတ်သေသွား သူသွမ်ပဆင်န်သည် သူ့ခြံတွင်းမှ တိရစ္ဆာန်များ လွတ်လွတ်သွားခြင်းကြောင့် အိမ်နီးချင်းများနှင့် မကြာခဏ ကတောက်ကဆဖြစ်ခဲ့ဖူးပြီး မှတ်ပုံမတင်ဘဲ သေနတ်ကိုင်ဆောင်မှုအတွက် ထောင်ကျဖူးသူဖြစ်သည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text