Tuesday, October 25, 2011

ကမ္ဘာ့ဈေးအကြီးဆုံး အိမ်ကား စတင်ရောင်းချ

w74_10
ကမ္ဘာ့ဈေးအကြီးဆုံး နေအိမ်အဖြစ် အသုံးပြုနိုင်သော ကားတစ်မျိုးကို တစ်စီးလျှင် စတာလင်ပေါင် ၁ ဒသမ ၉ သန်းဖြင့်ရောင်းချနေကြောင်းသိရသည်။
သြစတြီးယားကုမ္ပဏီ မာချီမိုဘိုင်းလ်က ဖန်တီးခဲ့သော ယင်းကားကြီးမှာ ပေ ၄၀ မျှ ရှည်လျားပြီး ရပ်နားထားစဉ်ဘေးနှင့် အပေါ်သို့ အခန်းချဲ့ထုတ်ပါက စတုရန်းပေ ၂၁၅ ပေ အထိရှိကြောင်း သိရသည်။ပင်မအိပ်ခန်းတွင် လက်မ ၄၀ ရုပ်မြင်သံကြားစက်ပါရှိပြီး အပိုအိပ်ခန်း၊ရေပန်းပါ ရေချိုးခန်း၊သီးခြား အိမ်သာ၊ကြမ်းပြင် အပူပေးစနစ်၊ အဖျော်ယမကာ ဘားများပါရှိသည်ဟု သိရသည်။
EleMMent Palazzo ဟု အမည်ပေးထားသော ကားတွင် မိုဘိုင်းအင်တာနက်စနစ်၊ မီးလင်းဖိုပါသော အလုပ်ခန်း၊ လုံခြုံရေးဗီဒီယိုစနစ်၊ ဂြိုဟ်တုတီဗွီများပါရှိသလို ညဘက်တွင် အန္တရာယ်ကင်းစေရန်အတွက် အမှောင်ထဲတွင် လင်းသည့် မီးစုန်းများ ကားနံရံတွင် အလှဆင်ထားသည်ဟု သိရသည်။
တန် ၂၀ မျှလေးသော ယင်းကားကြီးသည် အမြန်ဆုံး တစ်နာရီ  ၉၃ မိုင်မျှ မောင်းနှင်နိုင်မည် ဖြစ်သည်။ ဖန်တီးသူများကမူ ယင်းကားကြီးသည် ဖော်မြူလာဝမ်း ကားမောင်းသမားများ၊ ရော့ခ်စတားများ၏ နယ်လှည့်ခရီး အတွက် အသုံးတည့်မည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text