
ဥရောပကော်မရှင်သည် အမေ ရိကန်နည်းတူကိုယ်ပိုင်လမ်းကြောင်းပြ ဂြိုဟ်တုစနစ်တစ်ခု ဖန်တီးနိုင်ရေးအတွက် ယူရို ၅ ဒသမ ၄ ဘီလျံမျ အသုံးပြုရန် ရည်ရွယ်ထားသည်။ ဂယ်လီလီယိုဟု အမည်ပေးထားသော ယခု စီမံကိန်းတွင် သုံးစွဲမည့် ဂြိုဟ်တု ၂၇ စင်းနှင့် အပိုဂြိုဟ်တုသုံးစင်းကို ၂၀၂၀ ပြည့်နှစ်မတိုင်မီ အပြီး လွှတ်တင်သွားမည်ဖြစ်ပြီး ယခုလွှတ်တင်လိုက်သည့် ဂြိုဟ်တုနှစ်စင်းမှာ ပထမဆုံးဖြစ်သည်။
ယခု စနစ်သစ်သာ ပြီးစီးပါက ကမ္ဘာ့မြေပြင် တစ်မီတာအတွင်း( ၃ ဒသမ ၂၅ ပေ)အထိ အသေးစိတ်ချဲ့ကြည့်နိုင်မည်ဖြစ်ပြီး လက်ရှိဂျီပီအက်စ်စနစ်အရမူ သုံးမီတာမှ ၈ မီတာအတွင်းသာ အကြီးချဲ့ပြီး အသေးစိတ်ကြည့် နိုင်သည်။

No comments:
Post a Comment