Saturday, October 1, 2011

၁ဝ နှစ်သမီး မော်ဒယ်လေး၏ ဓာတ်ပုံများကို Vogue မဂ္ဂဇင်းတွင် တွေ့မြင် ရသောကြောင့် ဝေဖန်မှုများ ပွက်လော ရိုက်သွား


ကျားသစ်ကွက် ခေါင်းအုံးကလေး အုံးလို့ ညှို့အား ပြင်းထန် လှတဲ့ ဒီမိန်းကလေးဟာ အသက် ၁ဝ နှစ်ပဲ ရှိပါ သေးတယ်။ သိုင်လင်းလီနာ ရို့စ်ဘလွန်ဒူ ရဲ့ ပုံတွေဟာ ကမ္ဘာကျော် Vogue မဂ္ဂဇင်းကြီးမှာ ပါလာတဲ့ အခါ ကိုယ်ကျင့်တရားပိုင်း ဆိုင်ရာ လှုပ်ရှားသူတွေ အကြား ဒေါသတကြီး ဖြစ်စေလို့ ဆူညံ ပွက်လော ရိုက်သွား ပါတယ်။ သူ့ အသက် နှစ်ဆ ရှိသူတွေ လုပ်ရမယ့် မြှူဆွယ် ဖြားယောင်းမှုမျိုး တွေကို ကမ္ဘာကျော် မဂ္ဂဇင်းပေါ်မှာ ပေါ်ပေါ်ထင်ထင် လုပ်ပြ လာတယ် လို့ ဆိုကြ ပါတယ်။ အဲဒီလို လှုပ်ရှားသူတွေကြောင့် မော်ဒယ် ကလေးရဲ့ ဓာတ်ပုံဟာ အင်တာနက်ကနေ တစ်ဆင့် တစ်ကမ္ဘာလုံးကို လျင်မြန် ပျံ့နှံ့ သွားပါ တော့တယ်။
Vogue မဂ္ဂဇင်း မျက်နှာဖုံးပုံ အဖြစ် ဖော်ပြခံ ရတဲ့ ၁ဝ နှစ်သမီး မော်ဒယ်ကလေးကို ၁၉၆ဝ ပြည့်လွန် နှစ်တွေမှာ ရေပန်းစား ခဲ့တဲ့ ဘရစ်ဂျက် ဘားဒေါ့ နဲ့ နှိုင်းယှဉ် လာကြပါတယ်။ ဘားဒေါ့ဟာ အသက် ၁၅ နှစ်အရွယ်မှာ ELLE မဂ္ဂဇင်း မျက်နှာဖုံးပုံ အဖြစ် ဖော်ပြခံရ ပါတယ်။
အခု ပြင်သစ် မော်ဒယ်လေးကို နာမည်ကျော် ပြင်သစ် ဘောလုံးသမား ဖြစ်ခဲ့တဲ့ ပက်ထရစ် ဘလွန်ဒူနဲ့ ရုပ်ရှင် မင်းသမီးနဲ့ ရုပ်သံ တင်ဆက်သူ ဗီရွန်နီကာ လူဘရိုင်တို့က အိုင်ဗရီကို့စ် နိုင်ငံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ အခုလို မော်ဒယ်လေးရဲ့ ဓာတ်ပုံ ပါလာတဲ့ အခါမှာ ဗြိတိန်နိုင်ငံ အစိုးရက မကြာသေးခင်က ပြဋ္ဌာန်းဖို့ ကြိုးစားခဲ့တဲ့ မီဒီယာတွေနဲ့ ကြော်ငြာ လုပ်ငန်းတွေမှာ ကလေးသူငယ်တွေကို မြှူဆွယ် ဖြားယောင်းမှု ဆန်စွာ အသုံးချမှုတွေကို ပိတ်ပင်တဲ့ ဥပဒေကို အမှတ်ရဖွယ် ဖြစ်တယ်လို့ ဆိုကြ ပါတယ်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text