Saturday, October 1, 2011

နယူးယောက်မှ လော့စ်အိန်ဂျလိစ်သို့ ၁၂ မိနစ် အတွင်း ပျံသန်းနိုင်မည့် အသံထက် အဆ ၂ဝ မြန်သော လေယာဉ်ကို စမ်းသပ်မှု ပြုလုပ်


နယူးယောက်မှ လော့စ်အိန်ဂျလိစ်သို့ ၁၂ မိနစ် အတွင်း ပျံသန်းနိုင်မည့် အသံထက် အဆ ၂ဝ မြန်သော ဟိုက်ပါဆိုးနစ်ထက် အဆ ၂ဝ မြန်သော လေယာဉ်ကို သြဂုတ်လ ၁၁ ရက်နေ့တွင် စမ်းသပ်မှု ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ Falcon - HTV -2 ဟု အမည် ပေးထားသော လေယာဉ်ကို ဒုံးပျံ၌ တပ်ဆင်လျက် အာကာသထဲသို့ လွှတ်တင်ပြီး ကမ္ဘာမြေသို့ တစ်နာရီလျှင် ၁၃,ဝဝဝ မိုင်နှုန်းဖြင့် ပြန်လည် ကျဆင်း စေမည် ဟု ဆိုသည်။ ယင်း စမ်းသပ်မှု၌ လေယာဉ်တွင် လူလိုက်ပါမှု ရှိမည် မဟုတ်ဟု ဆိုသည်။
ယခင်က စမ်းသပ်ချက် တစ်ကြိမ် ပြုလုပ် ခဲ့ဖူးသော်လည်း ယင်း စမ်းသပ်ချက်၌ နည်းပညာ ဆိုင်ရာ အခက်အခဲများ ဖြစ်ပေါ် ခဲ့သောကြောင့် လွှတ်တင်ပြီး ၉ မိနစ် အကြာမှာပင် လုံခြုံရေး အတွက် လေယာဉ်ကို တမင် ပျက်ကျအောင် ပြုလုပ်ခဲ့ရသည်။ အဆိုပါ လေယာဉ် စီမံချက်သည် ယခုအထိ အမေရိကန် ဒေါ်လာ ၃ဝ၈ သန်း ကုန်ကျခဲ့ပြီး ဖြစ်ပြီး ၂ဝ၂၅ ခုနှစ်တွင် စတင် ပြေးဆွဲနိုင်ရန် မျှော်လင့်ထားသည်။ အဆိုပါ ဟိုက်ပါဆိုးနစ် လေယာဉ်သည် ကမ္ဘာတစ်ပတ်ကို မိနစ် ၆ဝ ပင် မကြာဘဲ ပတ်နိုင်လိမ့်မည်ဟု ဆိုသည်။ ယခု လေယာဉ် စမ်းသပ်မှုကို ကယ်လီဖိုးနီးယား ရှိဗန်ဒင်ဘတ် လေတပ် အခြေစိုက် စခန်း၌ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
အသံထက် အဆ ၂ဝ မြန်သော HTV -2 အမည် ပေးထားသော ဟိုက်ပါဆိုးနစ်လေယာဉ်တစ်စင်းကို အမေရိကန် ပြည်ထောင်စုက သြဂုတ်လ ၁၁ ရက်နေ့တွင် စမ်းသပ် ပျံသန်းမှု ပြုလုပ်ခဲ့ရာ မအောင်မမြင် ဖြစ်ခဲ့ရကြောင်း သိရသည်။ ခရီးသည် ပို့ဆောင်ရေး၌ အသုံးပြုရန် ရည်မှန်းထားသည့် အဆိုပါ လေယာဉ်ကို လူလိုက်ပါခြင်း မရှိဘဲ စမ်းသပ်မှု ပြုလုပ်ခဲ့ ရာ၌ လွှတ်တင်ပြီး ၃၆ မိနစ် အကြာတွင် မြေပြင် ထိန်းချုပ် စခန်းနှင့် အဆက်အသွယ် ပြတ်တောက်ကာ ပျောက်ဆုံး သွားကြောင်း သိရသည်။    

No comments:

Post a Comment

 

Sample text

Sample Text

Sample Text