
လေယာဉ်တောင်ပံပေါ် လမ်းလျှောက်ကာ စတန့် ပြကွက်များကို ပြသသော တုတ်ဂရင်း (၄၈ နှစ်)သည် သြဂုတ်လ ၂၂ ရက်နေ့က စတန့် ပြကွက်ကို ပြသ နေစဉ် အမြင့်ပေ ၂ဝဝ မှ ပြုတ်ကျကာ ကြည့်ရှုနေသူများ ရှေ့၌ပင် သေဆုံး သွားကြောင်း သိရသည်။
သူသည် လေယာဉ် တောင်ပံပေါ်၌ လမ်းလျှောက် ပြပြီး လေယာဉ် အထက်၌ ပျံဝဲနေသော ရဟတ်ယာဉ်ကို လှမ်း၍ ခိုလိုက်စဉ် ဟန်ချက် ပျက်ကာ ပြုတ်ကျ သေဆုံးခဲ့ခြင်း ဖြစ်သည်။ အမေရိကန် ပြည်ထောင်စု မီချီဂန် ပြည်နယ် ဒက်ထရွိုက်မြို့ အနီးရှိ ဆဲလ်ဖရိုက်ဒ် ၌ ပြုလုပ်သော လေကြောင်း စတန့်ပြပွဲကို လူပေါင်း ၇၅,ဝဝဝ က ကြည့်ရှုနေစဉ် အဆိုပါ ကြေကွဲဖွယ် ဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

No comments:
Post a Comment