စွန့်စား စူးစမ်း လေ့လာ လိုသော ခရီးသွားများကို ကမ္ဘာမြေ အထက် ၂၂ မိုင်ရှိ စထရာတို စဖီးယား လေထုအလွှာ ထဲသို့ ဟီလီယံ ဓာတ်ငွေ့သုံး မီးပုံးပျံများဖြင့် နှစ်နှစ် အတွင်း ပို့ဆောင် ပေးနိုင်တော့မည် ဖြစ်ကြောင်း DM သတင်းဌာနက သြဂုတ်လ ၂၃ရက် နေ့တွင် ဖော်ပြခဲ့သည်။ အဆိုပါ မီးပုံးပျံများ၏ အချင်းသည် ၄၂ဝ ပေ အထိ ရှိမည်ဟု ဆိုသည်။ အဆိုပါ ငါးနာရီကြာ ခရီးအတွက် လူတစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၁၃၅,ဝဝဝ ကုန်ကျလိမ့်မည် ဟု ဆိုသည်။ ယင်း ငါးနာရီကြာ ခရီးစဉ် အတွင်း ခရီးသွားများ အနေဖြင့် လုံးဝန်းသော ကမ္ဘာကြီးကို အကျအန လေ့လာ နိုင်လိမ့်မည် ဟု ဆိုသည်။
၁၃ ပေ အချင်းရှိသော မီးပုံးပျံ တစ်ခုသည် ပင်လျှင် နေရာများစွာ ရှိပြီး မီးပုံးပျံကို ထိန်းချုပ်ရန် လူနှစ်ဦး နှင့် ခရီးသည် လေးဦး အထိ လိုက်ပါ နိုင်သည် ဟု ဆိုသည်။ အဆိုပါ ခရီးစဉ်ကို ၂ဝ၁၃ ခုနှစ်တွင် စတင် နိုင်လိမ့်မည် ဟု မျှော်မှန်း ထားပြီး စပိန် ကုမ္ပဏီ ဖြစ်သော Zero 2 Infinity က လုပ်ကိုင်မည် ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment