Saturday, October 1, 2011

Apple ကုမ္ပဏီကိုထူထောင်သူ စတိဗ်ဂျော့က ပထမဆုံး Apple ကွန်ပျူတာ မူရင်း ကို အမေရိကန်ဒေါ်လာ၂၁၀,၀၀၀နှင့်ရေ

Apple ကွန်ပျူတာကုမ္ပဏီထူထောင်သူ စတိဗ်ဂျော့သည် သူ့မိဘများ၏ ကားဂိုဒေါင်အတွင်း သိမ်းဆည်းထားသည့် Apple - 1 ဟုခေါ်သော ပထမဆုံး Apple ကွန်ပျူတာမူရင်းကို ကြမ်းခင်းဈေး အမေရိကန်ဒေါ်လာ ၂၁၀,၀၀၀ ဖြင့် လေလံတင် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။ Apple-1 ကွန်ပျူတာ၏ နမူနာပုံစံ ၂၀၀ ခန့်ကို၁၉၇၆ ခုနှစ်တွင်ပြုလုပ်ခဲ့ပြီး ယင်းတို့အနက် အနည်းငယ်သာ ယနေ့အထိ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ Apple-1 ကွန်ပျူတာသည် ယခုခေတ် Apple iPad ထက် အဆပေါင်း၁၀၀၀ နှေးကွေးသော်လည်း ယင်း နောက်ဆုံးပေါ်ကွန်ပျူတာထက် ဈေးနှုန်းမှာ ၄၂၅ ဆ ပို၍မြင့်မားသည်ဟု ဆိုသည်။ အဆိုပါ Apple-1 ကွန်ပျူတာကိုခရစ္စတီးလေလံအဖွဲ့က လန်ဒန်မြို့တွင် မကြာခင်လေလံတင်ရောင်းချမည်ဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text