Tuesday, December 20, 2011

တရုတ် (ချယ်ရီဝက်ဂွန်း) ကားများ ဒေါ်လာ ၅၈ဝဝ ဖြင့် ပထမဦးဆုံး Showroom ဖွင့်ရောင်းချပြီ

တရုတ်နိုင်ငံ Cherry Auto Mobile Co.,Ltd ကထုတ်လုပ်သည့် ချယ်ရီဝက်ဂွန်းအိမ်စီးကားများတစ်စီးလျှင် ဒေါ်လာ ၅၈ဝဝ ဖြင့် ၈-၁၂-၂ဝဝ၁၁ ရက်ကစတင်ကာ ပထမဆုံး အရောင်းပြခန်းဖွင့် ရောင်းချပြီဖြစ်ကြောင်း သိရသည်။ ယင်းမှာ ရန်ကုန်မြို့ ကမ္ဘာအေးဘုရား လမ်းအမှတ် ၄၇ တွင်ဖြစ်ပြီး ၆-၁၂-၂ဝ၁၁ရက်က ရန်ကုန်ဆူးလေဆိပ်ကမ်း ဂိတ်အမှတ် ၄ သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှရောက်လာသော ကားများဖြစ်ကြောင်း၊စီးရေ ၁ဝဝဝ ဆံ့သော M.V.CHEANEYU ရှစ်ထပ် သင်္ဘောကြီးဖြင့် ၂၂-၁၁-၂ဝ၁၁ ရက်က ရှန်ဟိုင်းမှ တင်ဆောင်လာခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ကားတစ်စီးလျှင် ဒေါ်လာ ၅၈ဝဝ အပြင် အကောက်ခွန်ဂျူတီကြေး ကျပ်၁၃သိန်းခွဲခန့် ၊ ကုန်သွယ်ခွန်ကျပ် ၁၄သိန်းကျော်၊ က-ည-န တွင်လိုင်စင်ပြုလုပ်ရန် စရိတ်များ ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။ ယခုကားသည် ဘယ်မောင်း ၈ဝဝစီစီ အင်ဂျင်ပါဝါရှိကြောင်း၊ အောက်တိန်းစက်ဆုံးဆီကို အသုံးပြုရမည်ဖြစ်ကြောင်း ၎င်းကားများကို စက်မှုဝန်ကြီးဌာနက မှာယူတင်သွင်း ရောင်းချခြင်းဖြစ်ပြီး ယာဉ်အိုယာဉ်ဟောင်း လဲလှယ်ရန် ပါမစ်ရထားပြီးသူများကို အဓိကထား ရောင်းချပေးသွားမည် ဖြစ်ကြောင်းသိရသည်။ ရန်ကုန်အပြင် မန္တလေးနှင့် နေပြည်တော်တို့တွင်လည်း အရောင်းပြခန်းများဖွင့်ကာ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ ယာဉ်အိုယာဉ်ဟောင်းများ လဲလှယ်ရေး အစီအစဉ်အတွက် ဂျပန်မှ တစ်ပတ်ရစ်ကားစီးရေ ၁ဝဝမှာ ၅-၁၁-၂ဝ၁၁ ရက်နေ့က ရန်ကုန်-ဆူးလေဂိတ် ၆သို့ Ocean Blue သင်္ဘောဖြင့်လည်းကောင်း ၅-၁၂-၂ဝ၁၁ရက်နေ့ညက ဂျပန် Usedကားစီးရေ ၄၃၇စီးမှာ M.V.MIN-DORO သင်္ဘောဖြင့် လည်းကောင်း အသီးသီး ရောက်ရှိခဲ့ကြပြီး ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text