Saturday, December 3, 2011

တစ်ပတ်ရစ် Notebook ဝယ်မယ်ဆို

v_7_50_8
သွားလေရာတိုင်းမှာ ယူသွားလို့ ရမယ့် Laptop တစ်လုံးလောက်ဝယ် ထားဖို့ လူတိုင်းနီးပါး စိတ်ဝင်စားမှုရှိ လာကြတာတွေ့ရပါတယ်။ အဲဒီထဲကမှ တချို့ကတော့ မူလလက်ဟောင်း Second Hand Brand တွေကိုပဲ ရွေးချယ် ဝယ်ယူ တတ်ကြတာလည်း ရှိကြပါသေးတယ်။
Laptop အဟောင်းဝယ်ရခြင်း အကြောင်းအမျိုးမျိုး ရှိတဲ့အထဲ အသစ် ထွက်တဲ့ ကုန်ပစ္စည်းတွေထက် ပိုမို ကောင်းမွန်ပြီး အကြမ်းခံနိုင်လို့ဆိုတဲ့ ယူဆချက် ကလည်း အပါအဝင်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် Second Hand Laptop ကိုဝယ်မယ်လို့ စိတ်ကူးထားသူ တွေအတွက် အကြံပြုချက်တချို့ကို ပြောပြချင်ပါတယ်။
၁။ အရင်ဆုံးဝယ်မယ့် Laptop ဘော်ဒီကို ပြန်ဖာထေးထားတာရှိ၊ မရှိ စစ်ဆေးပါ။
၂။Laptopကိုပါဝါဖွင့်ပြီး စမ်းပါ Hand Disk ကနေအသံမြည်၊ မမြည် စမ်းသပ်ပါ။ မြည်ရင်တော့မဝယ်ဖို့ အချက်ပြနေပါပြီ။
၃။Laptop Wifi ရ၊ မရစစ်ဆေး ပါ။
၎။ Laptop မှာရှိတဲ့ Network အပေါက်ကောင်း၊ မကောင်း Network Cable တပ်ပြီး စစ်ဆေးကြည့်ပါ။
၅။ USB အပေါက်တွေ အလုပ် လုပ်၊ မလုပ် စမ်းကြည့်ပါ။
၆။ CD, DVD Drive တွေ ခွေ ဖတ်၊ မဖတ် စမ်းကြည့်ပါ။
၇။ Keyboard ခလုတ်တွေကို လည်း တစ်ခုချင်း ကောင်း၊ မကောင်း စမ်းသပ်ပါ။
၈။ Notebook မှာရှိတဲ့ မောက်စ် အလုပ်လုပ်၊ မလုပ်စစ်ဆေးပါ။
၉။ မျက်နှာပြင်မှာတုန်နေတာ၊ ကြာမှမှိန်သွားတာ၊ တဖျတ်ဖျတ်ခတ်နေ တာတွေ ရှိ၊ မရှိ စမ်းသပ်ပါ။
၁၀။ ပုံဖော်မျက်နှာပြင်မှာ Pixel လို့ခေါ်တဲ့ အစက်အပြောက်တွေ ရှိ၊ မရှိကိုလည်း Desktop Wallpaper ကို အဖြူရောင်ပြောင်းလဲပြီး အသေအချာ စစ်ဆေးကြည့်လိုက်ပါ။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text