Saturday, December 17, 2011

Laptop Optical Drive တွေ လမ်းဆုံး ရောက်လာပြီလား

Laptop Optical Drive
မှတ်မိနေ ပါသေးတယ်။ လွန်ခဲ့တဲ့ ၁၆နှစ်လောက်က လက်ပ်တော့ တွေတိုင်းမှာ Optical drive ဆိုတာ မပါဝင်ခဲ့ပေ။ ဒါပေမဲ့ Optical drive ထွက် ပေါ်လာတဲ့အခါ Windows 95 ကို မိတ်ဆက်တင်ပြမှုမှာ ဂရပ်ဖစ်ပုံရိပ်နဲ့ အသံတွဲဖက်ပြီး ခံစား နိုင်စေဖို့အတွက် Windows 95 installer CD ကို ထည့် ပေးလိုက်တယ်။ မူလအစက လက်ပ်တော့ပီစီတွေမှာ floppy drive ကိုသာ အများဆုံး ထုတ်လုပ် ခဲ့ကြတာ ဖြစ်တယ်။ Windows 95 နဲ့အတူ ပီစီလောက အတွက် မာလ်တီမီဒီယာ ကိုမွေးဖွား လိုက်တဲ့ အခါ စီဒီချပ်ပြား တွေကို မောင်းနှင် မယ့် optical drive တွေကို တောင်းဆို လာရတော့ တယ်။
ဒီအ ချိန်တုန်းက လက်ပ်တော့တစ်လုံးရဲ့ဈေးနှုန်းက ဒက်စ်တော့ပ် ကွန်ပျူတာ နှစ်လုံးခွဲစာ လောက်ရှိ နေတယ်။ တစ်ခါ optical drive ပါတဲ့ လက်ပ်တော့ရဲ့ ဈေးနှုန်းတွေက ခေါင်ခိုက်နေ တယ်။ တချို့ဆိုရင် ပထမဆုံး လက်ပ်တော့ကို ဝယ်ပြီးမှ နောက်တစ်ခါ ငွေကြေး တတ် နိုင်တဲ့အခါ internal optical ကို ဝယ်သုံး ကြရတယ်။ ဆိုလိုတာက လက်ပ်တော့ တွေအတွက် optical drive တွေလိုပါတယ်လို့ အပြင်းအထန် တောင်းဆို ခဲ့ကြတာ ၁၉၉၅ ခုနှစ်လောက်ဖြစ်တယ်။
ဆော့ဖ်ဝဲ ထုတ်လုပ် ရောင်းချသူတွေက လည်း မူလအစက folppie တွေနဲ့ ထည့်သွင်း ရောင်းချတဲ့ ပုံစံကနေ CD-ROMs နဲ့ ရောင်းချတဲ့ပုံစံတွေစဖြစ်လာတယ်။ ဒါကြောင့် လက်ပ်တော့တစ်ခုမှာ optical drive ရဲ့အနေအထားက အစဉ်သဖြင့် ပုံစံအခြေအနေ ရောက်သွားခဲ့တယ်။ ဒီလိုနဲ့အဆင့်ဆင့်တက်လာရင်း နောက် ၁၀ နှစ်လောက် ကြာတဲ့ အခါ optical drive ဆိုတာ CD drive မဟုတ်တော့ပဲ DVD drive ဖြစ် လာရတယ်။ ဆော့ဖ်ဝဲ ပရိုဂရမ် ထုတ်လုပ် ရောင်းချသူတွေ အများစုက DVD ချပ်ပြားမှာ ပဲ တည့်သွင်းရောင်း ချလာတဲ့ အတွက်ဖြစ်တယ်။
ဒါအတွက် လက်ပ်တော့အကောင်းထက်တော့ အဟောင်းအသုံးပြုတွေမှာ DVD drive ကို ပြောင်းလဲမြှင့်တင်တက်ဆင်လာရတဲ့ အနေအထားရှိလာကြတယ်။ အခုအချိန်မှာတော့ DVD / CD window ဆိုတဲ့ combo drive ပင် လက်ပ်တော့ အသစ်တွေမှာ မသုံးကြတော့ပေ။ Optical drive တွေ လက်ပ်တော့မှာပါဖို့ အာသာငမ်းငမ်းတောင့်တခဲ့တဲ့ အချိန်ကနေ နောက် ၁၆နှစ်ကြာတဲ့ လောလောဆယ်မျက်မှောက်ကာလမှာ တော့ optical dirve ကို မရှိမဖြစ်ပစ္စည်းလို့ မရှုမြင်ကြတော့တာကို တွေ့လာ ရတယ်။ ပထမအချက်က streaming digital content တွေနဲ့ cloud computing တွေစနိုင်လာလို့ဖြစ်ပြီး ဒုတိယတစ်ချက်ကတော့ ပါးပါးလွှာလွှာပေါ့ပေါ့ ပါးပါးလက်ပ်တော့မျိုးကို အသုံးပြုလိုသူတွေ အများအပြားရှိလာကြလို့ပဲ ဖြစ်တယ်။
တကယ်လို့ မဖြစ်မနေအသုံးပြုစရာလိုလာရင်ပင် ဈေးနှုန်းချို သာစွာနဲ့ exteral optical drive တွေကို ဝယ်ယူအသုံးပြုနိုင်ကြတယ်။ နောက် တစ်ခုက စီဒီအဆင့်ကနေ ဒီဗီဒီအဆင့် ရောက်လာခဲ့သလို ဒီဗီဒီအဆင့်က နေ ဘလူးရေးအဆင့် ဆိုတာလည်း ရှိလာပြန်တယ်။ optical ဆိုတဲ့နေရာမှာ ကြိုက်ရာရွေးချယ်နိုင်တဲ့ အခွင့်အလမ်းပိုများလာခဲ့တယ်။ လက်ပ်တော့ ထုတ်လုပ် သူတွေ အနေနဲ့ optical drive အတွက် နေရာပေး စရာမလိုခဲ့ရင်ျစခေန ဆက်စပ်ပြီးလိုအပ်သလို profile နဲ့ ဒီအတိုင်းလုပ်နိုင်တဲ့ အခွင့်အလမ်းပိုများသွားတယ်။ space ပိုရလာခြင်း အားဖြင့် ဘက်ထရီကို ပိုကြီးကြီးသယ်ခွင့်ရနိုင်တယ်။ hard drive အပိုကိုလည်းထည့်ခွင့်ရနိုင်တယ်။ ဂရပ်ဖစ်ချစ်ပ်တို့၊အအေးခံပန်ကာတို့ကို ထပ်မံဖြည့်ဆည်းယူနိုင်သွားတယ်။ ဥပမာအနေနဲ့ Acer Travelmali 848IT-6440 ဆိုရင် optical drive မပါ တဲ့အတွက် 84wh ဘက်ထရီတပ်ဆင်ပေးလိုက်နိုင်ပြီး ၁၁ နာရီအသုံးခံ တယ်လို့ကြော်ငြာနိုင်တဲ့ အခြေအနေရသွားတယ်။
Mac Book Air စတိုင်ပါး လွှာပေါ့ပါးပြီး လှပကျော့ရှင်းတဲ့ကိုယ်ထည်နဲ့ ထုတ်လုပ်လို့ရသွားစေ တယ်။ Asus Zenbook UX 31 Ultrabook ဆိုရင် ၂ .၈၆ ပေါင်ပဲလေးတယ်။ Mac Book Pro 13-inch ထက်ပင် ပေါ့ပါးနေလိုက်တယ်။ ဒါဖြင့်ရင်တကယ်ပဲအသုံးပြုသူတွေအတွက် optical drive ကို လက်ပ်တော့မှာပါဝင်စေခြင်းအားဖြင့် ရုပ်ဝတ္ထုသဘော အရဖြစ်ဖြစ် ငွေကြေးကိစ္စ အတွက်ဖြစ်ဖြစ် ဝန်ထုပ်ဝန်ပိုးဖြစ် နေပြီလားဆိုတာ ဆန်းစစ်ကြည့်ရတော့မှာ ဖြစ်တယ်။ ဆော့ဖ်ဝဲ ပရိုဂရမ်တွေဖြစ်ဖြစ် ဂိမ်းတွေပဲဖြစ်ဖြစ် အွန်လိုင်းကဝယ် ယူနိုင်ခွင့်ရှိလာတဲ့အတွက် ချပ်စ်ပြန် ထည့်သွင်း ထုတ်လုပ်တဲ့ စတိုင်က လျော့နည်းလာတွေကို တွေ့နိုင်တယ်။ ရုပ်ရှင်တို့ တီဗီပြကွက်တို့ကို ကြည့်နိုင်ဖို့ Netflix တို့ Hulu တို့ Amazon တို့ Pandona တို့ Slacker Radio တို့ရဲ့ ပံ့ပိုးဆောင်ရွက်မှုတွေကလည်း ပြည့်ပြည့် စုံစုံရှိလှတယ်။ Cloud အတွင်းကနေ မြူးဇစ်တွေ၊ ရုပ်ရှင်တွေကို လည်းဝယ်ယူပြီး download ဆွဲယူလို့ရတယ်။ ဒါ့အပြင် Wi-Fi တို့ Ethenel တို့ Wi Max-4G boardband တို့ရဲ့ အင်တာနက်လိုင်း တွေကလည်း တိုးတက်မြန်ဆန်လာနေတယ်။
လက်ပ်တော့တွေမှာသုံးတဲ့ hard disk drive တွေရဲ့ ဝင်ဆံ့မှု ပမာဏကလည်း ဒက်စ်တော့များနည်းအရ တိုးချဲ့သုံးစွဲလာ နိုင်တာကို တွေ့မြင်နေကြရတယ်။ အလွယ်တကူသယ်ယူသွား နိုင်ပြီးစတိုင်ထုတ်လို့ရတဲ့ ဒီဇိုင်းနဲ့ထုတ်လုပ်ဖို့က ပိုပြီးအရေးကြီး လာတယ်။ လက်ပ်တော့ရောင်းဈေးမှာ optical drive မပါလာတဲ့အတွက် ဒေါ်လာ ၁၅၀ ကနေ ၂၀ဝလောက်အထိ လျှော့ချသွားနိုင်စေတယ်။ ဒီအတွက် ရုပ်ဝတ္ထုအပိုင်းအနေနဲ့ ကြည့်ကြည့်၊ ငွေကြေးဘက် ဂျက်ပိုင်း အနေနဲ့တွက်တွက် ထုတ်လုပ် သူတွေရော အသုံးပြု သူတွေရော အတွက်ပါ optical drive ကို ဖယ်ထုတ်ဖို့ ဝန်မလေးကြပဲရှိလာကြတယ်။ စပယ်ရှယ် လုပ်ငန်းစဉ်တွေ အတွက် အသုံးပြုလိုတဲ့အခါ external optical drive ကို အလွယ်တကူဝယ်ယူလို့ရရှိနေပြန်တယ်။ ဒီလိုအခြေအနေနဲ့ ဒီလိုအမူအယာ တွေကြောင့် နောင်လာ မယ့်နှစ်ကစပြီး optical drive ပါတဲ့ လက်ပ်တော့တွေကို ရွေးချယ်ဝယ်ယူမယ့်သူ နည်းပါးလာစရာအကြောင်း ရှိလာကြောင်း တင်ပြလိုက်ရခြင်းဖြစ် ပါတော့တယ်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text