Tuesday, December 20, 2011

ကျပ်နှစ်သိန်းခွဲကျော် GSM ဖုန်းများ One Stop Service ဖြင့် ရောင်းချသွားမည်

ငွေကျပ်နှစ်သန်းခွဲကျော် GSM ဖုန်းများကို ၂ဝ၁၂ ခုနှစ်ဖေဖဝါရီလတွင် စတင်ချထားပေးမည် ဖြစ်ပြီး ပုဂ္ဂလိက ကုမဏီများကလည်း One Stop Service ဖြင့်ရောင်းချပေးသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ အခုချထားပေးမည့် တန်ဖိုးနည်း GSM ဖုန်းက ဖုန်းခေါ်ဆိုခကို အရင်ဖုန်းတွေအတိုင်း တစ်မိနစ် ၅ဝကျပ်ပဲ ကောက်မှာပါ။ ဖုန်းခေါ်ခ တိုးမြှင့်သွားဖို့ မရှိပါဘူး ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ထိုဖေဖဝါရီလတွင် ချထားပေးမည့် တန်ဖိုးနည်းဖုန်းများ တွင် အင်တာနက်စနစ် တစ်ပါတည်းပါရှိမည် ဖြစ်ကြောင်း ယခုချပေးလျက်ရှိသည့် ကျပ်ငါးသိန်းတန် GSM ဖုန်းများသည် တစ်လလျှင် အလုံးရေ သုံးသောင်းခန့် ရောင်းချရလျှက်ရှိပြီး ဖေဖဝါရီလအတွင်း ချပေးမည့် တန်ဖိုးနည်းဖုန်းများကို တစ်လလျှင် အလုံးရေ နှစ်သိန်းခန့် ရောင်းချနိုင်ရန် မျှော်မှန်းကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် တယ်လီဖုန်း သုံးစွဲမှု မြင့်မားလာစေရန် ငါးနှစ်စီမံကိန်းအဖြစ် GSM မိုဘိုင်းဖုန်းလိုင်း သန်း၃ဝတိုးချဲ့ တပ်ဆင်ရေးကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ပုဂ္ဂလိက ကုမ္မဏီများ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ပထမနှစ်စီမံကိန်းအဖြစ် ၂ဝ၁၂ခုနှစ် ဖေဖဝါရီလတွင် တန်ဖိုးနည်း GSM ဖုန်းလေးသန်းကို စတင်ချထားပေးမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text