Monday, December 12, 2011

ဆားဘီးယား နိုင်ငံတကာ ဓာတ်ပုံပြိုင်ပွဲတွင် မြန်မာမှ အမြင့်ဆုံးဆု FIAP Gold Medal ရရှိ

ဆားဘီးယား နိုင်ငံတွင် ကျင်းပသည့် 1st International Salor of Photography Smederevo 2011 နိုင်ငံတကာ ဓာတ်ပုံပြိုင်ပွဲတွင် မြန်မာမှ အမြင့်ဆုံးဆု FIAP Gold Medal  ဆု ရရှိခဲ့ကြောင်း ၂၃-၁၁-၂ဝ၁၁ ရက်က သိရသည်။ မြန်မာမှ အမြင့်ဆုံးဆု ရရှိသည့် ဓာတ်ပုံဆရာမှာ ကိုကျော်ကျော်ဝင်း (MPS) ဖြစ်ပြီး Accepted Prize  များကိုလည်း ဦးမြင့်အောင် (ITSTAR) ၊ ကိုဇော်ဇော်ထွန်း၊ ကိုကျော်ကျော်ဝင်း (MPS) တို့က ရရှိခဲ့ကြောင်း၊ FIAP (International Federation of Photographic Art) သည် ဓာတ်ပုံအနုပညာ နှင့် ပတ်သက်၍ နိုင်ငံတကာ အဆင့်မြင့် အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး FIAP ကပေးအပ်သည့် ရွှေတံဆိပ် ရရှိရန် မလွယ်ကူကြောင်း သိရသည်။
''ဒီပြိုင်ပွဲက ကဏ္ဍတွေ ပေးထားပြီး ကြိုက်တဲ့ကဏ္ဍမှာ ယှဉ်ပြိုင်လို့ ရတဲ့ နိုင်ငံတကာ ဖိတ်ခေါ် ဓာတ်ပုံပြိုင်ပွဲပါ။ ကျွန်တော်က Man and Water ခေါင်းစဉ်နဲ့ ဆု ရခဲ့တာပါ။ FIAP ကပေးတဲ့ ရွှေတံဆိပ် ဆုရတာ ဒုတိယအကြိမ်ပါ '' ဟု ဓာတ်ပုံပညာရှင် ကိုကျော်ကျော်ဝင်းက ပြောသည်။ ထိုပြိုင်ပွဲသည် နိုင်ငံတကာသို့ ဖိတ်ခေါ်ခဲ့သည့် ပြိုင်ပွဲဖြစ်ပြီး မည်သူမဆို စိတ်ကြိုက်ဓာတ်ပုံ လေးပုံ အထိ ကဏ္ဍ တစ်ခုချင်းစီတွင် ယှဉ်ပြိုင်ခွင့် ပြုခဲ့ကြောင်း၊ ဆုရဓာတ်ပုံ များကို ဆားဘီးယား နိုင်ငံတွင် ပြပွဲ ပြုလုပ် သွားမည် ဖြစ်ပြီး ဓာတ်ပုံစာအုပ်လည်း ထုတ်မည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text