ကိုယ်တိုင်လုပ်ထားတယ်လို့ပြောတော့ ကျွန်တော်ကို.. programming တွေဘာတွေရေးတတ်တယ်လို့မထင်ပါနဲ့…… ပဲပင်ပေါက်စာတွေကိုရေးတက်ဖို့ဝေးရော …photoshop တောင်သေချာနားမလည်ပါဘူး……….. ဒါဆို..ဘယ်လိုလုပ်လဲလို့မေးမယ်ဆိုရင် …အခုအဲဒီလိုလုပ်လို့ရတဲ့ ဆော့ဝဲလ်လေးအကြောင်းပြောပြ ချင်လို့ပါ……. ခက်တာကရော့ အင့်လို့ပေးလိုက်ချင်ပေမယ့် ကျွန်တော့်မှာ နှစ်မျိုးတောင်ရှိနေလို့ အခုလိုလက်ညောင်းခံ ပြီး ရေးနေရတာပါ…… ဘာလို့လဲဆိုတော့ version မြင့်တာက full version မဟုတ်ဘဲနဲ့ version နိမ့် တာက full version ဖြစ်နေလို့ပါ သူတို့ကဘယ်လိုကွာလဲလို့ဆိုရင်…version မြင့်မှ သူ့ ဆိုဒ်က ပေးထားတဲ့ skin မျိုးစုံကို ဖတ်နိုင်ပြီး Version နိမ့်တာကတော့ skin လန်းလန်းလေးတွေကို နားမလည်ပါဘူး…… Full version မဟုတ်တာကိုသုံးရင်တော့ skin ပြောင်နိုင်ခွင့်တွေ…Alarm ပြောင်းနိုင်ခွင့်တွေမရှိပါဘူး ဒီတော့ version လည်းမြင့်အောင် fullversion လည်း ဖြစ်အောင်ကျွန်တော်တို့ကြိုးစားကြည့်ပါမယ် အရင်ဆုံး..အောက်ကဆော့ဝဲနှစ်ခုလုံးကို ဒေါင်းလိုက်ပါ Version မြင့်တာပါ
ClockInstall.zip
version နိမ့်ပြီး fullversion ပါ
AnalogueVistaClock.zip
(၁)အရင်ဆုံး version မြင့်တယ်လို့ပြောထားတဲ့ ClockInstall zip ဖိုင်ကိုဖြေပြီး install လုပ်ထားရပါမယ် ပြီးရင်တော့run ထားတာကိုပိတ်ရင်ပိုကောင်းပါတယ်.. (၂) version နိမ့်ပြီး fullversionလို့ပြောတဲ့ AnalogueVistaClock zip ဖိုင်ထဲက ClockInstall ကို ထပ်ပြီး Install ထပ်လုပ်ပါမယ်
ပြီးရင်တော့ taskbar ပေါ်က နာရီပုံလေးကို right click လုပ်ပြီး exit နဲ့ပိတ်ပါ
(၃) version နိမ့်ပြီး fullversionလို့ပြောတဲ့ AnalogueVistaClock zip ဖိုင်ထဲက Patch-Crack ဖိုလ်ဒါ ထဲက analoguevista-clock-patch[WWW.fdl.IR] ဆိုတာလေးကို install လုပ်ထားတဲ့ ဖိုင်ထဲကို သွားထည့်ပေးပါ (၄) ပြီးရင် analoguevista-clock-patch[WWW.fdl.IR] ဆိုတာလေးကို double click လုပ်ပြီး Run လိုက်ပါ ပေါ်လာတဲ့ box မှာ patch ဆိုတာကို နှိပ်ပါ…
နောက်ထပ်ပေါ်လာသမျှတွေကို ok ပဲပေးပါ..
ဒါဆိုရင်ကျွန်တော်တို့ နာရီလေးက skin မျိုးစုံဖက်နိုင်ပြီး….skin ပြောင်း alarm ပြောင်းနိုင်တဲ့ ဆော့ဝဲလ်လေး ဖြစ်သွားပါပြီ… အဆင်သင့်ပေးထားတဲ့ skin တွေသုံးမယ်ဆိုရင် အောက်ကဆိုဒ်မှာ သွားဒေါင်းနိုင်ပါတယ် http://www.4neurons.com/Clock/skins.html skin change ချင်ရင်တော့ ပြီးရင်တော့ taskbar ပေါ်က နာရီပုံလေးကို right click လုပ်ပြီး settings ထဲဝင်လိုက်ရင် change skin ကိုတွေ့နိုင်ပါတယ် အခုထိတော့ သူ့ skin တွေကိုယ်ဘယ်လိုဖန်တီးမယ်ဆိုတာကျွန်တော်မပြောရသေးပါဘူး အခုပြောမယ်နော်… အောက်က MyBitmap ဆိုတဲ့ဖိုင်လေးကိုဒေါင်းလိုက်ပါ MyBitmap.zip MyBitmap ဆိုတဲ့ zipဖိုင်လေးကိုဖြေလိုက်ရင် Utilities-PNG ဆိုတဲ့ဖိုလ်ဒါလေး နဲ့ MyBitmap ဆိုတဲ့ Application လေးကိုတွေ့ရမှာပါ အရင်ဆုံး Utilities-PNG ဆိုတဲ့ဖိုလ်ဒါလေး ထဲက application လေးနှစ်ခုကို runပေးထားပါ နောက်ထပ် အောက်က png format ပုံလေးကိုပါယူထားပါ

ကဲ..ကဲ…စိတ်မရှည်တော့မဖြစ်လိုက်ပါနဲ့ အခုပေးတဲ့ png ပုံလေးကို photoshop မှာဖွင့်ပြီး အပေါ်က အစိမ်းရောင်အ၀ိုင်းလေးနေရာ မှာ နာရီထဲက ကလီစာတွေပေါ့ဗျာ ချစ်သူပုံလေးသာထည့်လိုက်ပေါ့ဗျာ အစိမ်းရောင်အ၀ိုင်းလေး အောက်က အချောင်းသုံးချောင်းက နာရီလက်တံတွေပါ သူပေးထားတာတွေကို အစားထိုးပြီးပြင် ချင်က ပြင်ပါ အရေးကြီးတာက အကွာအဝေးကတော့ ဒီတိုင်းပဲဖြစ်ရပါမယ် အောက်ဆုံးက အပြာရောင်အ၀ိုင်းလေးကတော့ နာရီ ဘောင်ပေါ့ သင့်တော်သလိုသာ လုပ်ပါ အားလုံးပြင်ပြီးပြီဆိုရင်တော့ png နဲ့ပဲပြန်save လိုက်ပါ ပြင်ထားတဲ့ png ပုံလေးကို ခုနဒေါင်းထားတဲ့ MyBitmap ဆိုတဲ့ Application နဲ့ဖွင့်လိုက်ပါ MyBitmap နဲ့ ဖွင့်ထားတဲ့ png ပုံလေးကို ကြိုက်တဲ့နာမည်ပေးပြီး save as type နေရာမှာ MBM file နဲ့save ပါ အခုsave လိုက်တဲ့ rename.mbm ဟာ သင်လုပ်ထားတဲ့ skin ပါပဲ ဒါလေးကိုတော့ changeskin ထဲက add new skin ကိုနှိပ်ပြီး သင်ဖန်တီးထားတဲ့ skin ကိုပြောင်း နိုင်ပါတယ် နောက်ထပ်ပိုပြီးကလိချင်ရင်တော့ သူ့ဆိုဒ်ကဒေါင်းယူထားတဲ့ .mbm အမျိုးအစား skin တွေကို MyBitmap နဲ့ဖွင့်ပြီး png နဲ့ပြန် save ပြီး ကလိနိုင်ပါတယ်လို့ သတင်းကောင်းလေးပါးလိုက်ပါတယ်
သြော်..မေ့လို့..မေ့လို့…windowxp,window7 အကုန် run ပါတယ်

No comments:
Post a Comment