Monday, December 5, 2011

Bluetooth ကြိုးမဲ့ ဘက်စုံသုံး ကီးဘုတ်


v_7_50_6
Prolink အမှတ်တံဆိပ် Bluetooth Wireless Multimedia Keyboard ပါ။ PKM - 3810 B မော်ဒယ်လ်ဖြစ်ပြီး Bluetooth ပါတဲ့ ကွန်ပျူတာတွေ Windows Tablet တွေနဲ့ တွဲပြီး သုံးလို့ရမယ့် Keyboard မော်ဒယ်လ်သစ်ပါ။ ဘယ်သွားသွား ခပ်လွယ်လွယ် ယူသွားလို့ရအောင် ပေါ့ပါးတဲ့ဒီဇိုင်းနဲ့ ထုတ်ထားပြီး နူးညံ့တဲ့ ခလုတ်လေးတွေ ကလည်း သုံးစွဲရသူကို ခံစားမှု တစ်မျိုး ပေးပါလိမ့်မယ်။
ဖုန်တွေ၊ အရည်တွေ မဝင်နိုင်အောင် ကာကွယ်ပေးမယ့် ဆီလီကွန်Keyboard Protector ပါဝင် ပြီး တကယ်လို့ စွန်းထင်းညစ်ပေသွား ခဲ့ရင်လည်း အလွယ်တကူ ရေဆေး သန့်စင် နိုင်ပါလိမ့်မယ်လို့ ဆိုတာပါ။ Bluetooth 3.0 စနစ်နဲ့မို့ ၁၀ မီတာ အကွာအဝေးအထိ ပတ်ပတ်လည် သုံးနိုင် မယ့်အပြင် နေ့စဉ်အသုံးများတဲ့ Internet Explorer, Calculator, Metta Player, Control Key တွေကို Fn Key နဲ့ တွဲသုံးဖို့ ထည့်ပေးထားတာမို့ သုံးစွဲသူ အကြိုက် တွေ့နိုင်ပါလိမ့်မယ်။
ဒီ Keyboard ကို AAA ဓာတ်ခဲ နှစ်လုံးထည့်ပြီး သုံးရမှာဖြစ်တယ်၊ ပါဝါ သုံးစွဲမှုနည်းတဲ့ နည်းပညာ သုံးထားတာ မို့ ဓာတ်ခဲ ခဏခဏလဲဖို့ မလိုဘဲ ရေရှည် သုံးနိုင် ပါလိမ့်မယ်လို့ ဒီပစ္စည်း ရောင်းချသူတွေက ဆိုပါတယ်။ DCD က တင်သွင်းဖြန့်ချိတာ ဖြစ်ပြီး KMD, Technoland, ICE, Unique Innwa, KSW, MRS, Linn ကွန်ပျူတာဆိုင်တွေနဲ့ အမြို့မြို့ အနယ်နယ်က ကွန်ပျူတာဆိုင်တွေမှာ ဝယ်လို့ရပါတယ်။ ပစ္စည်းအာမခံ သက်တမ်း တစ်နှစ် ပေးထားပြီး ဈေးနှုန်း ကတော့ ကျပ်နှစ်သောင်းဝန်းကျင် လောက်ရှိပါတယ်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text