Saturday, December 31, 2011

ယခုနှစ် ကလော မှ အင်းထဲသို့ တောကြမ်းစီး စက်ဘီးဖြင့် သွားရောက်မှု နိုင်ငံခြားသားများ စိတ်ဝင်စားလာ



ကမ္ဘာလှည့် နိုင်ငံခြားသားများ ခြေလျင် ခရီးသွားရောက်ကြသည့် ကလောမြို့မှ အင်းလေး သို့ တော ကြမ်းစီး စက်ဘီးများဖြင့် သွား ရောက်မှု အား ယခုနှစ်တွင် စိတ်ဝင် စားမှုများ လာကြောင်း ကလောအ ခြေစိုက် trekking လုပ်ငန်းကိုင် နေသူ Lai Lai ဟိုတယ်မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
နိုင်ငံခြားသားများ အများဆုံး သွားရောက်ကြလေ့ရှိသည့် တော လမ်းခရီးစဉ်များမှာ ကလောမှ အင်းလေး၊ ပင်းတယ၊ ကလော ဒေသ ပတ်ဝန်းကျင်ဒေသ ခရီးစဉ် များအား နေ့ချင်းပြန်၊ ညအိပ်ခရီး စဉ်ဖြင့် သွားလာကြကြောင်း သိရ သည်။ အဆိုပါ ခရီးစဉ် များသွား ရောက်ရာ တွင် တိုင်းရင်းသားများ ၏ ဓလေ့ ထုံးတမ်းများ၊ တိုင်းရင်း သားများ၏ ရိုးရာ ဓလေ့များကို အဓိက ထားကာ trekking လုပ် ငန်း ၀န်ဆောင်မှုပေးကြောင်း က လော အခြေစိုက် SAM’s Familyမှမယဉ်ယဉ်သက်က ပြောသည်။
“အခုအင်းထဲကို စက်ဘီးနဲ့ သွားတာ ဒီနှစ်ဆိုရင် နိုင်ငံခြားသား တွေ အရမ်း စိတ်ဝင်စားတယ်” ဟု Mountain bike စီစဉ်ပေးသူဒေါ် လီလီကဆိုသည်။ ကလောမှ အင်း ထဲသို့ ခရီးအကွာ အဝေးမှာ ၆၆ ကီ လိုမီတာ ခန့်ကွာဝေးပြီး စက်ဘီးဖြင့် သွားရောက် ရာတွင် တစ်နေ့လျှင် ၂၂ ကီလိုမီတာ ခန့်သာ သွားရောက်ကြ ကြောင်းသိရသည်။
အဆိုပါ mountain bike စက်ဘီးသည် ရိုးရိုးစက်ဘီးအမျိုးအ စားဖြစ်ပြီး ကာလပေါက် ဈေးစက်ဘီး တစ်စီး လျှင် ကျပ်သိန်း ၁၀၀ ၀န်းကျင် ခန့်ရှိကြောင်း အထက်ပါ ပုဂ္ဂိုလ်က  ဆို သည်။ ကလောမှ အင်းထဲသို့သွား ရောက်ရာ တွင် တိုင်းရင်းသား ရွာရှစ် ရွာခန့်အားဖြတ်ကျော် ရကြောင်း၊ ဓနု ရွာ၊ ပလောင်ရွာ၊ ပအိုင်ရွာ၊ တောင်သူ တောင်ရိုးရွာ များကို ဖြတ်သန်း သွား လာရကြောင်း အဆိုပါ ရွာများသို့သွား ရောက်ပြီး တိုင်းရင်းသား များနှင့် ရင်း နှီး ချစ်ခင်စွာ အပြန်အလှန် မေးမြန်း ခြင်း များပြုလုပ်ခြင်းအား နှစ်ခြိုက်ကြ ကြောင်း လိုက်ပါ ပို့ဆောင်ပေးသူ ကလော trekking guide တစ်ဦး က ပြောသည်။
တောကြမ်း ခရီးစဉ်များကို သွား ရောက်ရာ၌ ပြင်သစ်၊ ဟန်ဂေရီ၊ ဂျာ မနီနိုင်ငံသား များ အများဆုံးသွား ရောက်ကြပြီး စပိန်၊သြစတြေးလျနှင့် အခြား နိုင်ငံစုံများမှလည်း သွားရောက် ကြကြောင်း သိရသည်။ကလောမြို့တွင် တိုင်းရင်းသား လူမျိုး ခုနစ်မျိုးခန့် နေထိုင်ကြပြီး အထူးသဖြင့် ၎င်းတို့ ၏ရိုးရာ ယဉ်ကျေးမှု၊ ဓလေ့စရိုက်များ အား လေ့လာကြ ကြောင်းသိရသည်။ ကလောမြို့၌ trekking လုပ်ငန်း လုပ်ကိုင်သူ လိုင်စင်ရ ၂၀ ကျော်နှင့် လိုင်စင်မရှိ လုပ်ကိုင်သူ ၃၀ နီးပါး ရှိ ကြောင်း သိရသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text